ဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ဘာစီလိုနာအသင်း ကြေညာနိုင်ရန် နီးစပ်

ဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ဘာစီလိုနာအသင်း ကြေညာနိုင်ရန် နီးစပ်
Photo: Getty Images
Photo: Getty Images
Published 5 November 2021

ဘာစီလိုနာအသင်းသည် ကွင်းလယ်ကစားသမားဟောင်း ဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ရန် နီးစပ်နေပြီဖြစ်ပြီး သောကြာနေ့(ယနေ့)ကြေညာနိုင်ဖွယ်ရှိကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ရော်နယ်လ်ကိုးမန်းကို နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ဇာဗီကို ခန့်အပ်ရန် ကြိုးပမ်းခဲ့ရာ အယ်လ်ဆတ်ဒ်အသင်းနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရပြီး ယခုအခါ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းသည် စာချုပ်သက်တမ်း(၂)နှစ် ကျန်ရှိနေသည့် ၎င်းတို့၏ နည်းပြ ဇာဗီကို လက်လွှွတ်လိုခြင်းမရှိသော်လည်း နောက်ဆုံးအခြေအနေတွင် လက်ခံပေးခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းက လျော်ကြေးအဖြစ် ယူရို(၅)သန်း ပေးချေရမည်ဟု သိရသည်။

ဘာစီလိုနာအသင်းသည် ဇာဗီအား နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ယနေ့ ကြေညာမည်ဖြစ်ပြီး ဇာဗီသည် ယခုတစ်ပတ် လာလီဂါပွဲစဉ်တွင် ဘာစီလိုနာအသင်းကို လာရောက်ကြည့်ရှုဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent