အဆန်စီယိုကို ခေါ်ယူရန် အာဆင်နယ်နှင့် လီဗာပူးလ် ပစ်မှတ်ထား

အဆန်စီယိုကို ခေါ်ယူရန် အာဆင်နယ်နှင့် လီဗာပူးလ် ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 4 November 2021

ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သည့် အာဆင်နယ်နှင့် လီဗာပူးလ်အသင်းတို့သည် ရီးယဲလ်ကွင်းလယ်တိုက်စစ်ကစားသမား အဆန်စီယိုကိုခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

စပိန်ကွင်းလယ်တိုက်စစ်ကစားသမား အဆန်စီယို(၂၅ နှစ်)သည် နည်းပြ အန်ဆယ်လော့တီ လက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေပြီး ယင်းအခြေအနေကို စိတ်ပျက်နေကာ အသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။

အဆန်စီယို၏ စျေးကွက်တန်ကြေးမှာ ယူရို (၃၅)သန်းဝန်းကျင်ရှိကြောင်း သိရှိရသည်။ 

 

Most Read

Most Recent