PSG အသင်း၏အဝတ်လဲခန်းတွင် ပြင်သစ်စကားပြောဆိုမှုမရှိခြင်းကို အသင်းတာဝန်ရှိသူများ စိုးရိမ်နေကြောင်း သတင်းထွက်

PSG အသင်း၏အဝတ်လဲခန်းတွင် ပြင်သစ်စကားပြောဆိုမှုမရှိခြင်းကို အသင်းတာဝန်ရှိသူများ စိုးရိမ်နေကြောင်း သတင်းထွက်
Photo: PSG Twitter
Photo: PSG Twitter
Published 4 November 2021

PSG အသင်းတာဝန်ရှိသူများသည် အသင်းအဝတ်လဲခန်းတွင် ပြင်သစ်စကားပြောဆိုမှုမရှိခြင်းအပေါ် စိုးရိမ်နေကြကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

PSG အသင်းသည် ကမ္ဘာအနှံ့မှ နာမည် ကျော်ကစားသမားများကို ခေါ်ယူထားပြီး ယခုအခါ အသင်းတွင် အသုံးပြုသည့်ဘာသာစကားမှာ ဒေသခံပြင်သစ်ဘာသာစကား မဟုတ်တော့ကြောင်း Marca က ဖော်ပြခဲ့ခြင်းဖြစ်သည်။

Marca ၏ဖော်ပြချက်အရ PSG အသင်း၏နည်းပြဖြစ်သူ ပိုချက်တီနိုသည် ပြင်သစ်ဘာသာစကားကို သုံးလေ့မရှိဘဲ ၎င်း၏မိခင်ဘာသာစကားဖြစ်သည့် စပိန်ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားတို့ဖြင့်သာ ပြောလေ့ရှိကြောင်း သိရှိရသည်။

ပိုချက်တီနို၏ နည်းပြအဖွဲ့ဝင်အချို့မှာ ပြင်သစ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုတတ်သော်လည်း အသင်းကစားသမားများအနေဖြင့် စပိန် သို့မဟုတ် အင်္ဂလိပ်သာဘာစကားများဖြင့်သာ ပြောဆိုလေ့ရှိကြောင်း သိရှိရသည်။

PSG အသင်းတွင် တောင်အမေရိကကစားသမားများပြားနေခြင်းကြောင့် စပိန်စကားကို ပြောဆိုလေ့ရှိသလို၊ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်သည့် ဂေးယီ၊ ဒီယာလိုတို့မှာလည်း အင်္ဂလိပ်စကားဖြင့်သာ ပြောဆိုလေ့ရှိကြောင်း သိရသည်။

ထို့ပြင် ပြင်သစ်တိုက်စစ်မှူး ဘာပေမှာလည်း စပိန်နှင့်အင်္ဂလိပ်သာဘာစကားများကို လေ့လာနေသဖြင့် ပြင်သစ်စကားပြောလေ့မရှိကြောင်း သိရှိရသည်။

နေမာ၊ ဒီမာရီယာနှင့် နာဗတ်စ်တို့မှာမူ ပြင်သစ်စကားကို ပြောခြင်းမရှိသော်လည်း နားလည်ကြောင်း Marca က ဖော်ပြခဲ့သည်။ 

Most Read

Most Recent