ကွန်းဖရန့်လိဂ် အုပ်စုပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်

ကွန်းဖရန့်လိဂ် အုပ်စုပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 4 November 2021

■ စပါး နှင့် ဗွီတက်ဆီ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

စပါးအသင်းရဲ့ နည်းပြအပြောင်းအလဲက ဒီပွဲအပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။ ပုံမှန်အတိုင်းဆိုရင်လည်း ပထမအကျော့ အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ဖို့နဲ့ နောက်တစ်ဆင့်အတွက် ထပ်အမှားခံလို့ မရတော့တာကြောင့် စပါးအသင်း အမှတ်ပြည့်ရအောင် ကစားရမယ့်ပွဲပါ။ အခု နည်းပြအပြောင်းအလဲကြောင့် စပါးအသင်းက ပိုပြီးစောင့်ကြည့်ချင်စရာဖြစ်လာပါတယ်။ လတ်တလောရလဒ်ပိုင်းမှာ ဗွီတက်ဆီအသင်းက ပိုတည်ငြိမ်နေပေမဲ့ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ပြိုင်ပွဲချင်း၊ ပြိုင်ဘက်ချင်း ကွာခြားပါတယ်။ နိုင်ပွဲလို အပ်နေတဲ့ စပါးအသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။

■ ရိုးမား နှင့် ဘိုဒယ်ဂလင့် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ပထမအကျော့ရလဒ်က ရိုးမားရဲ့နာမည်ကျော်နည်းပြ မော်ရင်ဟိုကို အရှက်ရစေခဲ့ပြီး နည်းပြဘဝ အဆိုးရွားဆုံး ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒီအုပ်စုမှာ ရိုးမားအသင်း နောက်တစ်ဆင့်တက်ဖို့ အခက်အခဲမရှိပေမဲ့ ပထမအကျော့ရလဒ်အတွက်  ဂုဏ်သိက္ခာပြန်ဆယ်ဖို့ လိုနေတယ်။ ရိုးမားကိုပဲ ကြိုက်တယ်။

■ KAA ဂျန့် နှင့် ပါတီဇန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

KAA ဂျန့်အသင်းက အုပ်စုတွင်း ရာနှုန်းပြည့်နိုင်ပြီး ပေးဂိုးလည်း လုံးဝမရှိသေးပါဘူး။ ပထမအကျော့နိုင်ထားတဲ့ KAA ဂျန့် နိုင်ပွဲဆက်လိမ့်မယ်။

■ အယ်လ်ခမာ နှင့် ကလုချ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

နှစ်သင်းအကြား ခြေစွမ်းကွာဟချက်နည်းပေမဲ့ ကလုချ်ကတော့ မျှော်လင့်ချက် အတော်နည်းနေပါပြီ။ ဒါပေမဲ့ အယ်လ်ခမာ ဂိုးပြတ်နိုင်ဖို့တော့ မလွယ်ဘူး။

■ အူန်ယွန်းဘာလင် နှင့် ဖီယင်နု (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

အူန်ယွန်းဘာလင်အဖို့ နောက်တစ်ဆင့်တက်ရေး အဆုံးအဖြတ်ပွဲပါပဲ။ နောက်ဆုံးပွဲမှာ ဘိုင်ယန်ကို အရေးနိမ့်ခဲ့ပေမဲ့ အူန်ယွန်းဘာလင်ရဲ့ အိမ်ကွင်းမှတ်တမ်းတွေက ကောင်းပါတယ်။ အိမ်ရှင်ကိုပဲ ရွေးချယ်ချင်တယ်။

■ ရန်းစ် နှင့် မူရာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ရန်းစ်အသင်းအတွက် အနိုင်ရဖို့မခက်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်လို့ ဘယ်လောက်အားထုတ်မလဲ စောင့်ကြည့်ရမယ်။ ရန်းစ်အနေနဲ့ (၃)ဂိုးပြတ်တော့ မသွင်းလောက်ဘူးထင်တယ်။

Most Read

Most Recent