မာဆေးလ်တွင် ပြောင်းရွှေ့ကစားရန် ဆာလီဘာ ဆန္ဒမရှိခဲ့

မာဆေးလ်တွင် ပြောင်းရွှေ့ကစားရန် ဆာလီဘာ ဆန္ဒမရှိခဲ့
Photo: Getty Images
Photo: Getty Images
Published 3 November 2021

 

အာဆင်နယ်အသင်းမှ မာဆေးလ်အသင်းသို့ အငှားချခံခဲ့ရပြီး လက်ရှိအချိန် ၌ ပြင်သစ်လီဂူးပြိုင်ပွဲ၏ အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်နေသူ ပြင်သစ် နောက်ခံလူ ဆာလီဘာသည် မာဆေးလ်အသင်းထံ ပြောင်းရွှေ့ကစားရန် ဆန္ဒမရှိခဲ့ ဟု နီးစပ်သူတစ်ဦးက ဆိုခဲ့သည်။ 

အာဆင်နယ်အသင်းသည် ဆာလီဘာကို ၂၀၁၉ ခုနှစ်ကတည်းက ခေါ်ယူထားသော်လည်း ပြင်သစ်ကလပ်အသင်းများထံ ပြန်လည် အငှားချခြင်းသာ ပြုလုပ်ခဲ့သည်။ 

ဆာလီဘာသည် ပြီးခဲ့သည့်ရာသီက အငှားချခံခဲ့ရသည့် နိုက်စ်အသင်းနှင့် ထပ်မံလက်တွဲရန်သာ ဆန္ဒရှိခဲ့သော်လည်း သဘောတူညီမှုမရ၍ မာဆေးလ်အသင်းထံ ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent