ကာဒစ်ဇ် - မာယော့ကာ (တနင်္ဂနွေည ရး၃၀ နာရီ)
ကာဒစ်ဇ်နဲ့တွေ့တိုင်း မာယော့ကာ အနိုင်ရဖို့ခက်တယ်။ လက်ရှိခြေစွမ်းအရ မာယော့ကာ သာသလိုရှိပေမဲ့ ကာဒစ်ဇ်ရဲ့ အိမ်ရှင်အားနဲ့ အစဉ်အလာကို ထည့်တွက်ရင်တော့ ဒီပွဲမှာ ကာ ဒစ်ဇ် သရေတစ်မှတ်တော့ ရအောင်ယူသွားနိုင်တယ်။
အက်သလက်တီကို - ဘက်တစ် (တနင်္ဂနွေည ၉း၄၅ နာရီ)
ဒီရာသီ အက်သလက်တီကိုခံစစ်က အတော်လေးအား နည်းနေသလိုပဲ။ ပေးဂိုးတွေ စိပ်နေတယ်။ ဘက်တစ်ကတော့ တစ်ပွဲပြီးတစ်ပွဲ ကစားပုံ ပိုငြိမ်လာသလို၊ အရင်ထက် တိုက်စစ် ပိုကစားလာပြီး ဂိုးတွေလည်းပိုရလာတာ တွေ့ရတယ်။ ဒါပေမဲ့ ဘက်တစ်ရဲ့ ခံစစ်ကစားပုံကိုတော့ အခုနောက်ပိုင်း စိတ်ချ ထားလို့မရဘူး။ ပေးဂိုးတွေ တက်လာနေတာကို တွေ့ရတယ်။ ဒါပေမဲ့ ဘက်တစ်ဟာ ဒီရာသီအဝေးကွင်းကစားပုံ မဆိုးလှတဲ့ အသင်းတွေထံမှာ ပါနေလို့ အက်သလက်တီကိုအတွက် သ တိထားရမယ့်ပြိုင်ဘက်မျိုး ဖြစ်နေတယ်။ အထူးသဖြင့် ဘက် တစ်ရဲ့ လျင်မြန်တဲ့တိုက်စစ်ကစားပုံက ဒီရာသီမှာ ပွဲတိုင်းနီး ပါး ဂိုးပေးနေရတဲ့ အက်သလက်တီကိုခံစစ်ကို အခက်တွေ့စေ ဦးမှာ သေချာသလောက်ပါပဲ။ အရင်က အက်သလက်တီကို ကွင်းမှာ ဂိုးရဖို့ခက်လေ့ရှိပေမဲ့ ဒီရာသီ ဘက်တစ်ကစားပုံနဲ့ စွမ်းဆောင်ရည်အရတော့ အက်သလက်တီကိုကွင်းမှာ ဂိုးရ အောင်ကစားနိုင်မယ်ထင်တယ်။ ဂိုးအများသရေပွဲလို့ပဲ မှန်း ထားချင်တယ်။
ဂီတာဖေး - အက်စ်ပန်ညို (တနင်္လာနံနက် ၀၀း၀၀ နာရီ)
အိမ်ကွင်း နိုင်ပွဲရှာနေရဆဲ ဂီတာဖေးအတွက် အခုပွဲက လည်း လွယ်မယ်မထင်ဘူး။ ဂီတာဖေးရဲ့တိုက်စစ်ပျောက်နေပုံ နဲ့ အက်စ်ပန်ညိုကို ဂိုးရဖို့လည်း ခက်ခဲနေဦးမှာပါပဲ။ ဂီတာဖေး အလွန်ဆုံး သရေရလဒ်ပဲ မျှော်လင့်နိုင်လိမ့်မယ်။ ဂိုးနည်းမယ်။
ဆိုစီဒက် - ဘီလ်ဘာအို (တနင်္လာနံနက် ၂း၃၀ နာရီ)
ဆိုစီဒက်ကတော့ အခုချိန်မှာ ဟန်ချက်ကောင်းကို ထိန်း ထားနိုင်တယ်။ တိုက်စစ်၊ ခံစစ် လိုသလိုကစားနိုင်သလို၊ ကွင်းမ ရွေးဘဲ ကစားနေနိုင်တာကိုလည်း တွေ့ရတယ်။ ခံစစ်ကစားပုံမှာ လည်း အမှားနည်းလို့ အဝေးကွင်းဂိုးရနှုန်း သိပ်မကောင်းလှတဲ့ ဘီလ်ဘာအိုအတွက် အခက်တွေ့စရာလို ဖြစ်နေတယ်။ ဒါပေမဲ့ ဘီလ်ဘာအိုရဲ့ အဝေးကွင်းထိန်းကစားနိုင်စွမ်းကိုလည်း လျှော့မ တွက်သင့်ဘူး။ အထူးသဖြင့် ဆိုစီဒက်တိုက်စစ်ကို ထိန်းနိုင်တဲ့ အင်အားမျိုး ဘီလ်ဘာအိုခံစစ်မှာရှိနေလို့ ဂိုးအနည်းနဲ့ သရေပွဲ ဆိုတာကိုပဲ ကြိုက်နေမိတယ်။















