နောဝစ်ချ် - လိဒ်စ် (တနင်္ဂနွေည ၈း၃၀ နာရီ)
နောဝစ်ချ်ရဲ့အခြေအနေက တော်တော်လေးဆိုးနေတယ်။ တိုက်စစ်ပိုင်းက စိတ်ပျက် စရာကောင်းသလို၊ ခံစစ်ကလည်း ဂိုးတွေ အလှူပေးနေတယ်။ အမှတ်ပေးဇယားအောက် ဆုံးရောက်နေသလို၊ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ခံစစ်မှတ်တမ်းမှာ တခြားအသင်းတွေထက် အပြတ်အသတ်ဆိုးရွားနေတာ တွေ့ရတယ်။ လိဒ်စ်ကလည်း နိုင်ပွဲ (၁)ပွဲပဲ ရသေးတဲ့အသင်း ပါ။ ဒါပေမဲ့ ဒီပွဲတော့ လိဒ်စ် ဒုတိယမြောက်နိုင်ပွဲယူလိမ့်မယ်။
အက်စတွန်ဗီလာ - ဝက်စ်ဟမ်း (တနင်္ဂနွေည ၁၁ နာရီ)
ဝက်စ်ဟမ်း ပိုကောင်းတယ်ဆိုတာ သေချာပေမဲ့ အကြိတ်အနယ်တော့ရှိနိုင်တယ်။ ဗီလာကစားတာ အရမ်းမညံ့သလို၊ အသင်းကောင်းတွေကို အပြိုင်ကစားနိုင်လေ့ရှိတာ လည်း တွေ့ရတယ်။ တိုက်စစ်ပိုင်းမှာ ဒီနှစ်သင်းကြားသိပ်မကွာပေမဲ့ ဝက်စ်ဟမ်းက ခံ စစ်ပိုင်းအားသာချက်ရှိတယ်။ ဒါပေမဲ့ ဗီလာကွင်းဖြစ်နေလို့ ဝက်စ်ဟမ်းကို အခက်တွေ့စေ မှာပါ။ သရေကျသွားနိုင်တယ်။















