ဇီဒန်းရဲ့ ရွေ့လျားအနာဂတ်

ဇီဒန်းရဲ့ ရွေ့လျားအနာဂတ်
Photos: Getty Images
Photos: Getty Images
Published 27 October 2021
Wai Yan Aung

နည်းပြတစ်ဦး အသင်းအပြောင်းအရွှေ့လုပ်ရတာက ကစားသမားထက်လည်း ပိုလွယ်ပါတယ်။လက်ရှိအသင်းကို စာချုပ်တန်ဖိုးအတိုင်း အလျော်ပေးရမယ်ဆိုရင်တောင် ငွေကြေးပမာဏက သိပ်မှုလောက်စရာမရှိပါဘူး။ ဒါပေမဲ့ အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြတွေကို ရွေးချယ်တာက ပိုပြီးမကောင်းဘူးလား။ လက်ရှိ အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြတွေထဲမှာ ဇီဒန်း၊ ကွန်တီတို့လို နာမည်ကျော်နည်းပြတွေလည်း ရှိနေတာပါ။ ဒီလိုနည်းပြတွေကို မရွေးဘဲ တခြားနည်းပြတွေကို ရွေးမယ်ဆိုရင်တော့ လစာအများအပြားပေးချေရမှာကို မလိုလားတာကြောင့်လား၊ တခြားတောင်းဆိုမှုတွေကို မလိုက်လျောနိုင်တာကြောင့်လားလို့ စဉ်းစားစရာ ရှိပါတယ်။ မန်ယူနည်းပြရာထူးအတွက် ရေပန်းစားမှုမှာလည်း အသင်းလက်မဲ့ဖြစ်နေတဲ့ ဇီဒန်း၊ ကွန်တီတို့ထက် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာနဲ့ PSG နည်းပြ ပိုချက်တီနိုတို့က ပိုပြီးရေပန်းစားနေခဲ့ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေကတော့ ထင်ရှားကျော်ကြားတဲ့နည်းပြ၊ ဆုဖလားအောင်ပွဲတွေနဲ့ ယဉ်ပါးနေတဲ့နည်းပြမျိုးကို ပိုပြီးလိုလားကြမှာသေချာပါတယ်။