Nations League ၌ အာဂျင်တီးနားနှင့်ဘရာဇီးလ် တို့ကို ဖိတ်ခေါ်ယှဉ်ပြိုင်စေရန် UEFA စဉ်းစားနေ

Nations League ၌ အာဂျင်တီးနားနှင့်ဘရာဇီးလ် တို့ကို ဖိတ်ခေါ်ယှဉ်ပြိုင်စေရန် UEFA စဉ်းစားနေ
Photo: UEFA
Photo: UEFA
Published 25 October 2021

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည်  Nations League ပြိုင်ပွဲ၌ တောင်အမေရိကထိပ်သီးအသင်းများဖြစ်သည့် အာဂျင်တီးနားနှင့် ဘရာဇီးလ်တို့ကို ဖိတ်ခေါ်ယှဉ်ပြိုင်စေရန် စဉ်းစားနေကြောင်း သိရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ရန် ကြိုးပမ်းနေသည့်နည်းတူ UEFA ကလည်း Nations League ပြိုင်ပွဲကို ပရိသတ်စိတ်ဝင်စားမှု  ပိုမိုရရှိစေရန်အတွက် ကြံဆနေခြင်းဖြစ်သည်။

အီတလီသတင်းစာ La Gazzetta dello Sport က UEFA သည် Nations League ပြိုင်ပွဲ၌ ဥရောပပြင်ပမှ အသင်းအချို့ကို ဖိတ်ခေါ်၍ ဧည့်သည်အသင်းများအဖြစ် ထည့်သွင်းယှဉ်ပြိုင်စေရန် စဉ်းစားနေပြီး ယင်းအတွက် တောင်အမေရိက ထိပ်သီးနှစ် သင်းကို အဓိကပစ်မှတ်ထားနေကြောင်း ဖော်ပြခဲ့သည်။

UEFA သည် တောင်အမေရိကဘောလုံး အဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်လာသည့်အတွက် ယခုအစီအစဉ်သစ်ကို ထပ်မံအကောင်အထည်ဖော်ရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။

UEFA နှင့် CONMEBOL  တို့သည် ယူရိုချန်ပီယံနှင့် ကိုပါအမေရိကချန်ပီယံအသင်းများ ခြေစမ်းယှဉ်ပြိုင်ကစားသွားရန်လည်း သဘောတူညီမှု ရရှိထားသည်။

Most Read

Most Recent