နယူးကာဆယ်နည်းပြရာထူးနှင့် ပတ်သက်သည့် မေးမြန်းမှုကို ဂျာရတ် ဒေါသတကြီးတုံ့ပြန်

နယူးကာဆယ်နည်းပြရာထူးနှင့် ပတ်သက်သည့် မေးမြန်းမှုကို ဂျာရတ် ဒေါသတကြီးတုံ့ပြန်
Photo: Getty Images
Photo: Getty Images
Published 23 October 2021

စကော့တလန်ကလပ် ရိန်းဂျားစ်အသင်း နည်းပြ စတီဗင်ဂျာရတ်သည် နယူးကာဆယ်နည်းပြရာထူးနှင့်ပတ်သက်ပြီး သတင်းထောက် တစ်ဦး၏မေးမြန်းမှုကို ဒေါသတကြီးတုံ့ပြန်ခဲ့ကြောင်း သိရသည်။ 

နယူးကာဆယ်အသင်းသည် အသင်းနည်းပြ စတိဗ်ဘရုစ်ကို ရာထူးမှ ထုတ်ပယ်ပြီးနောက် နည်းပြသစ်ခန့်အပ်ရန် စီစဉ်နေပြီး စတီဗင်ဂျာရတ်မှာ နယူးကာဆယ် နည်းပြသစ်ဖြစ်ရန် ရေပန်းစားသူများစာရင်းတွင် ပါဝင်လျက်ရှိသည်။ 

ပြီးခဲ့သည့် ကြာသပတေးနေ့ ကစားခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ် ရိန်းဂျားစ် (၂-၀) ဘရွန်ဘီပွဲအပြီးတွင် သတင်းထောက်တစ်ဦးက နယူးကာဆယ်နည်းပြရာထူးအတွက် ချိတ်ဆက်မှုရှိသလားဟု ဂျာရတ်ကို မေးမြန်းခဲ့သည်။ 

ယင်းမေးခွန်းကို ဂျာရတ်က "ကျွန်တော် ပျော်နေတယ်ထင်လား။ ကျွန် တော် အဆင်ပြေနေတယ် ထင်လား။ ရူးမိုက် တဲ့မေးခွန်းတွေ မမေးစမ်းပါနဲ့"ဟု ပြောကြားခဲ့သည်။ 

သို့သော် ဂျာရတ်သည် နယူးကာဆယ်အသင်းကို ဆော်ဒီသူဌေးများ လွှဲပြောင်းရယူပြီးနောက် ၎င်းအနေဖြင့် နယူးကာဆယ်အသင်းကို ကိုင်တွယ်ဖွယ်ရှိသည်ဟု မီဒီယာများ၏ဖော်ပြမှုများကို ငြင်းဆန်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။ 

Most Read

Most Recent