ပြည်ပအနုပညာရှင်များနှင့် လီဆာတို့၏ Collab သီချင်း ယခုတစ်ပတ်တွင် ထွက်မည်

ပြည်ပအနုပညာရှင်များနှင့် လီဆာတို့၏ Collab သီချင်း ယခုတစ်ပတ်တွင် ထွက်မည်
Photo: Allkpop
Photo: Allkpop
Published 18 October 2021
Ref: Allkpop

ပြင်သစ်တေးထုတ်လုပ်သူ DJ Snake ၊ BLACKPINK အဖွဲ့ဝင်လီဆာ၊ ပွာတိုရီကို အဆိုတော် Ozuna နှင့် အမေရိကန်ရက်ပါ အဆိုတော် Megan Thee Stallion တို့ ပူးပေါင်းဖန်တီးထားသည့် single သီချင်း SG ကို မကြာမီ ရက်ပိုင်းအတွင်း နားဆင်နိုင်တော့မည် ဖြစ်သည်။

DJ Snake ၏ အောက်တိုဘာ ၁၅ ရက် ကြေညာချက်အရ အောက်တိုဘာ ၂၂ ရက် (သောကြာနေ့) တွင် SG သီချင်း ထွက်လာမည် ဖြစ်သည်။ ကေပေါ့အနုပညာရှင်များသည် ကမ္ဘာ့ဂီတစျေးကွက်ကို ထိုးဖောက်ရန် အပြိုင်အဆိုင်ကြိုးစားလာသည်ဖြစ်ရာ ပြည်ပရပ်ခြားမှ အဆိုတော်များနှင့် Collab လုပ် ပူးပေါင်းမှု များပြားလာသည်။

အမျိုးသမီးရက်ပါ Megan Thee Stallion သည် BTS အဖွဲ့နှင့်လည်း Butter သီချင်းကို Remix ပြန်လည်သီဆိုထားပြီး သီချင်းက သြဂုတ် ၂၇ ရက်တွင် ထွက်ရှိထားပြီး ဖြစ်သည်။ စက်တင်ဘာ ၂၄ ရက်က ထွက်လာသည့် ဗြိတိန်ရော့ခ်ဂီတအဖွဲ့ Coldplay ၏ My Universe သီချင်းတွင်လည်း BTS အဖွဲ့ ပါဝင်ထားသည်။

Most Read

Most Recent