နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀ အား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ကြောင်း ထုတ်ပြန်

နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀ အား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ကြောင်း ထုတ်ပြန်
Published 16 October 2021

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀ ခုအား မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ အမှတ် ၁၁၅/၂၀၂၁ ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီများအား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လျက်ရှိသည်။ MyCO တွင် မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် နှစ်စဉ်အစီရင်ခံစာ (Annual Return - AR) တင်ပြခြင်းကို ဆောင်ရွက်ရမည်ဟုု သိရသည်။

Annual Return နောက်ဆုံး တင်ပြရမည့်ရက်ကို ကုမ္ပဏီ Profile တွင် ဖော်ပြထားသဖြင့် အဆိုပါရက်မတိုင်ခင် မှတ်ပုံကြေး ကျပ် ၅၀၀၀၀ ပေးသွင်းတင်ပြရန်ဖြစ်ကြောင်း၊ Annual Return တင်ပြရမည့် ရက်ကျော်လွန်ပြီး ၂၈ ရက်အတွင်းဖြစ်လျှင် နောက်ကျကြေး (late Fee) ကျပ် ၁၀၀၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent