ဗဟိုဘဏ်က တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့်မှာယူတင်သွင်းခဲ့သော စားအုန်းဆီများကို တစ်ပိဿာလျှင် ကျပ် ၃၇၀၀ နှုန်းဖြင့် စက်တင်ဘာ ၂၀ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ စားအုန်းဆီ ၁၂၂၇၉ ဒသမ ၈၁ တန် ရောင်းချ

ဗဟိုဘဏ်က တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့်မှာယူတင်သွင်းခဲ့သော စားအုန်းဆီများကို တစ်ပိဿာလျှင် ကျပ် ၃၇၀၀ နှုန်းဖြင့် စက်တင်ဘာ ၂၀ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ စားအုန်းဆီ ၁၂၂၇၉ ဒသမ ၈၁ တန် ရောင်းချ
Published 16 October 2021

ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့်နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို တစ်ပိဿာလျှင် ကျပ် ၃၇၀၀ ဖြင့် စက်တင်ဘာ ၂၀ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ စားအုန်းဆီ ၁၂၂၇၉ ဒသမ ၈၁ တန် ရောင်းချထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့်မှာယူ တင်သွင်းခဲ့သည့် စားအုန်းဆီများကို စက်တင်ဘာ ၂၀ မှ စတင်ရောင်းချပေးလျက်ရှိရာ ၂၂ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးတွင် စားအုန်းဆီ ၇၆၈၃၅၀ ပိဿာ၊ တန်ချိန် ၁၂၅၅ တန်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စားအုန်းဆီ ၄၆၂၀၀၀ ပိဿာ၊ တန်ချိန် ၇၅၅ တန်၊ စုစုပေါင်း ၁၂၃၀၃၅၀ ပိဿာ၊ တန်ချိန် ၂၀၁၀ တန်ရောင်းချပြီးဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၀ မှ အောက်တိုဘာ ၁၅ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့အတွက် စားအုန်းဆီ ၇၅၁၅၂၅၄ ပိဿာ၊ တန်ချိန်အားဖြင့် ၁၂၂၇၉ ဒသမ ၈၁ တန် ရောင်းချခဲ့ကြောင်း သိရသည်။

ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပြီး စားအုန်းဆီများကို လက်ကားဝယ်ယူ ရောင်းချသူများအနေဖြင့် လက်လီအရောင်းဆိုင်များတွင် အသားတင်အကျိုးအမြတ် နှစ်ရာခိုင်နှုန်းထက် မပိုသည့်စျေးနှုန်းဖြင့်  စားသုံးသူပြည်သူများသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချသွားရမည်ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက် အသင်း၏အစီအစဉ်ဖြင့် ရပ်ကွက်များသို့ စျေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး  စားသုံးသူပြည်သူများ လက်လီလက်ကား  ရောင်းချပေးမည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။

ဗဟိုဘဏ်က ဒေါ်လာလိုအပ်ချက်ရှိနေသောကဏ္ဍများ အထူးသဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့် ဆေးဝါးကဏ္ဍများသို့ AD လိုင်စင်ရဘဏ်များမှတဆင့် ဒေါ်လာသန်း ၄၀ ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ လိုအပ်ချက်ရှိနေသော ကဏ္ဍများ (အထူးသဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့် ဆေးဝါးများ) သို့ ဘဏ်များမှတစ်ဆင့် ရောင်းချပေးနိုင်ရန်အတွက် အပတ်စဉ် လေလံခေါ်ယူ၍ ရောင်းချပေးလျက်ရှိသည်။

လေလံမှ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၁၇၅၀ ဖြင့် ရောင်းချပေးပြီးဘဏ်များမှ ကုမ္ပဏီများသို့ ၁၇၅၃ ကျပ်ဖြင့်သာ ပြန်လည်ရောင်းချစေကြောင်း၊ ထိုသို့ရောင်းချရာတွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှ စိစစ်ပေးပို့သောကုမ္ပဏီများသို့ သတ်မှတ်ပေးသည့်ပမာဏအတိုင်း ရောင်းချရန်အတွက် အဆိုပါကုမ္ပဏီများ စာရင်းဖွင့်လှစ်ထားသည့် AD ဘဏ်များသို့ ရောင်းချပေးခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ဖြစ်သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ မှ ၁၇ ရက်အတွင်း ဒေါ်လာ ၂၅ သန်းရောင်းချပေးခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင် ဒေါ်လာ ၁၅ အား AD လိုင်စင်ရဘဏ် ကိုးဘဏ်သို့ ရောင်းချပေးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent