လီဆာက “LALISA” သီချင်းဖြင့် ကမ္ဘာ့ဂင်းနစ်စံချိန်နှစ်ခု တင်ထား

လီဆာက “LALISA” သီချင်းဖြင့် ကမ္ဘာ့ဂင်းနစ်စံချိန်နှစ်ခု တင်ထား
Photo: Allkpop
Photo: Allkpop
Published 11 October 2021

BLACKPINK အဖွဲ့ဝင် လီဆာသည် သူမတစ်ကိုယ်တော်သီဆိုထားသည့် “LALISA” သီချင်းဖြင့် ကမ္ဘာ့ဂင်းနစ်စံချိန် နှစ်ခုတင်သွားပြီဖြစ်သည်။

အောက်တိုဘာ ၈ ရက်တွင် ကမ္ဘာ့ဂင်းနစ်စံချိန်အဖွဲ့က “LALISA” သီချင်းဖြင့် တင်ထားသည့် စံချိန်နှစ်ခုကို ၎င်းတို့တရားဝင် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

လီဆာ၏ တစ်ကိုယ်တော်သီချင်း “LALISA” သည် Solo Artist တစ်ဦး၏ ၂၄ နာရီအတွင်း လူကြည့်အများဆုံး You Tube MV (music video) အဖြစ် ကမ္ဘာ့စံချိန်တင်ထားကြောင်း You Tube က အတည်ပြုခဲ့သည်။ ထိုသီချင်းထွက်လာပြီးနောက် ၂၄ နာရီအတွင်း ကြည့်ရှုမှုအကြိမ်ရေ ၇၃.၆ သန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တေလာဆွစ်၏ ME! သီချင်း ကြည့်ရှုခံရမှုအကြိမ်ရေ ၆၅.၂ သန်းစံချိန်ကို ကျော်တက်သွားခြင်းဖြစ်သည်။

ထို့ပြင် တစ်ဖွဲ့တည်းဖြစ်သည့် Rose ၏ တစ်ကိုယ်တော်သီချင်း On the Ground ကြည့်ရှုခံရမှုအကြိမ်ရေ ၄၁.၆ သန်းစံချိန်ကို ကျော်ကာလီဆာ၏ “LALISA” သီချင်းက ၂၄ နာရီအတွင်း လူကြည့်အများဆုံး Solo K-pop Artist တစ်ဦး၏ YouTube MV အဖြစ်လည်း စံချိန်တင်ထားသည်။

Most Read

Most Recent