အာဆီယံအထူးသံတမန် မြန်မာနိုင်ငံသို့လာရောက်သည့်အချိန်တွင် အမှုရင်ဆိုင်နေရဆဲပုဂ္ဂိုလ်များ၊ အကြမ်းဖက်အဖွဲ့ဖြစ် ကြေညာထားသူများနှင့် တွေဆုံခွင့်ပေးရန် ခဲယဉ်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အာဆီယံအထူးသံတမန် မြန်မာနိုင်ငံသို့လာရောက်သည့်အချိန်တွင် အမှုရင်ဆိုင်နေရဆဲပုဂ္ဂိုလ်များ၊ အကြမ်းဖက်အဖွဲ့ဖြစ် ကြေညာထားသူများနှင့် တွေဆုံခွင့်ပေးရန် ခဲယဉ်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင် ဧပြီ ၂၄ ရက်က မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး ပြုလုပ်စဉ် (Photo: AFP)
အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင် ဧပြီ ၂၄ ရက်က မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး ပြုလုပ်စဉ် (Photo: AFP)
Published 8 October 2021

အာဆီယံအထူးသံတမန် မြန်မာနိုင်ငံသို့ လာရောက်သည့်အချိန်တွင် တွေ့ဆုံခွင့်ရနိုင်သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ပေးသွားမည်ဖြစ်ပြီး အမှုရင်ဆိုင်နေရဆဲပုဂ္ဂိုလ်များ၊ အကြမ်းဖက်အဖွဲ့ဖြစ် ကြေညာထားသူများနှင့် တွေ့ဆုံခွင့်ပေးရန် ခဲယဉ်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

'' ကျွန်တော်တို့အနေနဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့မှာ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြတ်စေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုတိုးမြှင့်ဆောင်ရွက်စေရေး ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းရင်းသားအားလုံး၊ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး ပါဝင်ဆောင်ရွက်ရအောင် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်ပြောချင်တာက မြန်မာနိုင်ငံကို အာဆီယံ Envoy အနေနဲ့ လာတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ တွေ့ဆုံခွင့်ရရှိနိုင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံပေးနိုင်ဖို့  ဖိတ်ရှိပြီး ဖြစ်ပါတယ်။ တွေ့ဆုံလည်း တွေ့ဆုံခွင့်ပေးသွားမှာ ဖြစ်ပါတယ်'' ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံက တက်ခွင့်မရဟု သော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၏ ပြောကြားများသည် ပုဂ္ဂလိကပိုင်းဆိုင်ရာ ပြောကြားချက်များသာဖြစ်ပြီး ယင်းသို့သော ပြောကြားချက်များ၏ အခြေခံအကြောင်းအရင်းသည် မြန်မာနိုင်ငံတွင် အမှုရင်ဆိုင်နေရဆဲလူများနှင့် တွေ့ဆုံခွင့်အတွက်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက '' ဒီအာဆီယံရော၊ အာဆီယံပြင်ပနိုင်ငံတွေကရော ဖိအားပေးနေတာမျိုးရှိတယ်။ ဒီမှာ ကျွန်တော်ပြောလိုတာကတော့ အချက်နှစ်ချက်ပဲ ရှိတယ်။ နံပါတ်တစ်အချက်ကတော့ ကျွန်တော်တို့ လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာ၊ အဖွဲ့အစည်းပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ လုပ်နေတဲ့ကိစ္စ။ နံပါတ်နှစ်ကတော့ အချိန်ကန့်သတ်ချက်နဲ့ လုပ်နေတဲ့ကိစ္စ။ ပထမဆုံး လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာ၊ အဖွဲ့အစည်းပိုင်းဆိုင်ရာဆိုတဲ့ ကန့်သတ်ချက်ဆိုတာက ကျွန်တော် တချို့မီဒီယာတွေကိုလည်း ပြောခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သူတို့ယူဆနေတာက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း၊ ဒါမှမဟုတ် NUG ထဲမှာရောက်သွားတဲ့ NUG ပေါ့၊ သူတို့နဲ့ တွေ့ဆုံတယ်ဆိုရင် ပြေလည်သွားပြီးလို့ ထင်တယ်။ သို့သော် မြန်မာနိုင်ငံမှာ သမိုင်းအဆိုပြချက်အတိုင်း လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်နဲ့တွေ့ဆုံလို့၊ အဖွဲ့အစည်း တစ်ခုတည်းနဲ့ တွေ့ဆုံခဲ့ဖူးလို့ ပြေလည်သွားတဲ့ ပြဿနာဆိုတာ မရှိဘူး'' ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၏ အခြေခံကျသော ပြည်တွင်းငြိမ်းချမ်းရေးပြဿနာသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ကိစ္စမျိုးဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်နိုင်ရန်၊ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ရန်အတွက်လည်း လမ်းဖွင့်ပေးထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

'' ကျွန်တော်အနေနဲ့ ခုနကပြောတဲ့ အမှုရင်ဆိုင်နေရဆဲလူတွေ၊ ပြီးရင် ကျွန်တော်တို့အနေနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့လူတွေနဲ့တော့ တွေ့ဆုံခွင့်ပေးဖို့ ခဲယဉ်းပါတယ်။ ကျွန်တော် ဥပမာပြောခဲ့သလိုပါဘဲ၊ ဘယ်နိုင်ငံမှာမဆို ဝန်ကြီးချုပ်တွေ၊ သမ္မတတွေပေါ့၊ အထူးသဖြင့် နိုင်ငံရေးသမားတွေ၊ ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေရှိကြပါတယ်။ သူတို့ကို သူတို့နိုင်ငံက ပြစ်မှုထင်ရှားတဲ့အတွက် အဂတိအမှုနဲ့ တရားစွဲဆိုတာတို့၊ အခြားအမှုနဲ့ တရားစွဲဆိုတာတို့၊ အဲ့လိုမျိုး တရားစွဲဆိုတာမျိုးရှိရင် အဲ့ဒီ တရားစွဲဆိုနေတဲ့အချိန် ကာလမှာပဲ ဖြစ်ဖြစ် ဘယ်သူတွေကများ ဘယ်နိုင်ငံကတောင်းဆိုလို့၊ ဘယ်အဖွဲ့အစည်းကနေ တောင်းဆိုလို့ဆိုပြီး တွေ့ဆုံခွင့်ပေးဖူးတာရှိခဲ့ဖူးလဲ။ ဒီဟာကို သတိချပ်စေလိုပါတယ်'' ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အာဆီယံကို မတူညီသည့် နိုင်ငံရေးစနစ်များ၊ မတူသည့် စီးပွားရေးစနစ်များ မတူသည့် လူမှုရေးစနစ်၊ ဘာသာရေးစနစ်များနှင့် နိုင်ငံများဖြင့် စုဖွဲ့ထားနိုင်ခြင်းသည် အားလုံးသဘောတူဆန္ဒအရ စုဖွဲ့ထားနိုင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် အာဆီယံအဖွဲ့ဝင်နိုင်ဖြစ်နေပြီး အာဆီယံ ပဋိဉာဉ် စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent