ဂျိမ်းစ်ဘွန်းမင်းသား Daniel Craig ကို ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်အဖြစ် ဂုဏ်ပြုမည်

ဂျိမ်းစ်ဘွန်းမင်းသား Daniel Craig ကို ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်အဖြစ် ဂုဏ်ပြုမည်
Photo: Fox News
Photo: Fox News
Published 5 October 2021
Ref: Fox News

007 ရုပ်ရှင်ငါးကားတွင် James Bond နေရာမှ သရုပ်ဆောင်ခဲ့သည့် Daniel Craig ကို အောက်တိုဘာ ၆ ရက်တွင် ဟောလိဝုဒ် Walk of Fame ၌ ကြယ်ပွင့်ဖြင့် ဂုဏ်ပြုသွားမည် ဖြစ်သည်။

ထိုဂုဏ်ပြုပွဲအခမ်းအနားကို ဟောလိဝုဒ်ကုန်သည်များ အသင်းဥက္ကဌ Nicole Mihalka က သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ဘွန်းရုပ်ရှင် ထုတ်လုပ်သူများဖြစ်သည့် Michael G. Wilson နှင့် Barbara Broccoli ၊ တွဲဖက်မင်းသား Rami Malek (No Time to Die တွင် ဘွန်း၏ ရန်ဘက် Safin နေရာမှ သရုပ်ဆောင်သူ) တို့လည်း တက်ရောက် ဂုဏ်ပြုမည် ဖြစ်သည်။ Craig ၏ Walk of Fame ကြယ်ပွင့်ကို နောက်ထပ်နာမည်ကျော် ဘွန်းမင်းသားဖြစ်သည့် Roger Moore ၏ ကြယ်ပွင့်ဘေးတွင် ကပ်လျက်ထားမည် ဖြစ်သည်။

၂၅ ကားမြောက် ဂျိမ်းစ်ဘွန်း စွန့်စားခန်းရုပ်ရှင်ဖြစ်သည့် No Time to Die သည် Daniel Craig ကို ဇာတ်လိုက်နေရာ၌ နောက်ဆုံးမြင်ရမည့် ဇာတ်ကားဖြစ်ပြီး ၂၀၂၀ ခုနှစ် ဧပြီကတည်းက ရုံတင်ရန် စီစဉ်ခဲ့သော်လည်း ကပ်ရောဂါကြောင့် သုံးကြိမ်တိုင် ရုံတင်ချိန်နောက်ဆုတ်ခဲ့ရပြီး အောက်တိုဘာ ၁ ရက်ကမှ ရုံတင်ခဲ့ရသည်။

ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားများသည် ဟောလိဝုဒ်တွင် အအောင်မြင်ဆုံး ရုပ်ရှင်များထဲတွင် ပါဝင်ကြသည်။

Most Read

Most Recent