ဘာစီလိုနာ ကြုံတွေ့နေရသည့် အခြေအနေကို ယာယာတိုရေး စိတ်မကောင်းဖြစ်နေပြီး လိုအပ်ပါက အချိန်မရွေးအသင့်ရှိဟု ဆို

ဘာစီလိုနာ ကြုံတွေ့နေရသည့် အခြေအနေကို ယာယာတိုရေး စိတ်မကောင်းဖြစ်နေပြီး လိုအပ်ပါက အချိန်မရွေးအသင့်ရှိဟု ဆို
Photo: yaya twitter
Photo: yaya twitter
Published 5 October 2021

ဘာစီလိုနာအသင်း၏ကွင်းလယ်ကစားသမားဟောင်း ယာယာတိုရေးက လက်ရှိအချိန်တွင် ကလပ်အသင်းရင်ဆိုင်နေရသည့် အခက်အခဲများအတွက် စိတ်မကောင်းဖြစ်မိကြောင်းနှင့် အသင်းကသာ လိုအပ်လာပါက မိမိ အချိန်မရွေး အဆင်သင့်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယာယာတိုရေးက ယင်းကဲ့သို့ ပြောကြားခဲ့ရာတွင် နည်းပြရာထူးအတွက် ကမ်းလှမ်းခြင်း၊ ဘဏ္ဍာရေးအကူအညီတောင်းခံခြင်းအပါအဝင် အခြားမည်သည့်အကြောင်းအရင်းကိုမျှ ထည့်သွင်းပြောဆိုထားခြင်းမရှိဘဲ ကလပ်အသင်းအတွက် အသင့်ရှိနေသည်ဟုသာ ဆိုခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် သူသည် လက်ရှိအချိန်တွင် ရုရှားလိဂ်တွင် လက်ထောက်နည်းပြရာထူးကို စတင်ဆောင်ရွက်နေချိန်ဖြစ်သဖြင့် ရော်နယ်လ်ကိုးမန်း၏ ရာထူးအား စိတ်ဝင်စားနေခြင်းဖြစ်နိုင်ကြောင်းလည်း သုံးသပ်မှုများရှိနေသည်။

ယာယာတိုရေးကမူ သူ၏ ခံစားချက်ကို Twitter  တွင် ရေးသားခဲ့ခြင်းဖြစ်ပြီး ''ဒီအချိန်က ကလပ်အသင်းအတွက် ခက်ခဲတဲ့အချိန်ပါ။ ဒါပေမဲ့ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကလပ်အသင်းကသာ ကျွန်တော့်ကို အလိုရှိတယ်ဆိုရင် ကျွန်တော့်ရင်ထဲက အသင်းအတွက် ကျွန်တော်အမြဲတမ်းအဆင်သင့်ပါပဲ။ ဘာစီလိုနာမှာ ကျွန်တော်ကစားခဲ့တဲ့အချိန်တွေက ကျွန်တော့်ဘဝမှာ အမှတ်ရစရာအကောင်းဆုံးအချိန်တွေပါ။ ကလပ်အသင်းဟာ ကျွန်တော် လူငယ်ကစားသမားဘဝမှာကတည်းက ကျွန်တော့်အပေါ် ယုံကြည်မှုကို ပြသခဲ့ပါတယ်။ ထိပ်တန်းလိဂ်ပြိုင်ပွဲတွေအတွက် ကျွန်တော့်ကို အဆင်သင့်ဖြစ်စေခဲ့ပါတယ်။ သူတို့လုပ်ပေးခဲ့တာတွေအတွက်ကျွန်တော် ထာဝရ မေ့နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော့်နှလုံးသားက ဒီအသင်းနဲ့ အမြဲအတူတူရှိနေပါတယ်''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent