ရှာရွတ်ခန်၏သား အာယန်ခန် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရ

ရှာရွတ်ခန်၏သား အာယန်ခန် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရ
Photo: Times of India
Photo: Times of India
Published 4 October 2021

ဘောလိဝုဒ်စတား ရှာရွတ်ခန်၏သားဖြစ်သူ အာယန်ခန်ကို အောက်တိုဘာ ၃ ရက်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဗျူရို NCB က ဖမ်းဆီးလိုက်သည်ဟု အိန္ဒိယသတင်းဌာနများက ဖော်ပြကြသည်။ အာယန်ခန်နှင့်အတူ ဖမ်းဆီးခံထားရသူများကို အောက်တိုဘာ ၄ ရက်တွင် ရုံးထုတ်ခဲ့ပြီး  ရှာရွတ်ခန်၏ဇနီးလည်း တက်ရောက်ခဲ့သည်။

အာယန်ခန်ဘက်က အမှုအတွက် အာမခံလျှောက်ထားခဲ့သော်လည်း NCB ဘက်ကမူ နောက်ထပ်စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် အာယန်ခန်ကို ဆက်လက်ထိန်းသိမ်းထားခွင့်ရရန် ကြိုးစားမည်ဟုဆိုသည်။ စစ်ဆေးဖော်ထုတ်မှုအတွင်း သိရှိထားသည်များ ပတ်သက်ချိတ်ဆက်နေမှုများကိုမူ NCB က ထုတ်မပြောနိုင်သေးဟုလည်း ပြောသည်။

အပျော်စီး သင်္ဘောတစ်စင်းပေါ်တွင် ပါတီရှိသည်ဆိုသည့် သတင်းပေးချက်ကြောင့် NCB အဖွဲ့က အောက်တိုဘာ၂ ရက် ညနေပိုင်းတွင် ဂိုအာကိုသွားမည့်အပျော်စီး သင်္ဘောတစ်စင်းကို စီးနင်းရှာဖွေလိုက်ရာ လူအချို့ထံမှ မူးယစ်ဆေးဝါးများ တွေ့ခဲ့ရသည်။

အာယန်ခန်ကို ဖမ်းခေါ်သွားစဉ် ၎င်းကိုယ်ပေါ်တွင် မည်သည့်အရာမှ မတွေ့ခဲ့သည့်အတွက် ၎င်းကိုမူးယစ်ဆေးသုံးမှုဖြင့်သာ မှတ်တမ်းတင်ထားသည်ဟုလည်း သတင်းများက ဖော်ပြကြသည်။

Most Read

Most Recent