■ မီလ်နာ၏ ဖျက်ထုတ်မှုကို မမြင်တွေ့ခဲ့ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် ဆို

■ မီလ်နာ၏ ဖျက်ထုတ်မှုကို မမြင်တွေ့ခဲ့ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် ဆို
Published 4 October 2021

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကမူ မီလ်နာ၏ဖျက်ထုတ်မှုကို မမြင်တွေ့ခဲ့ဟု ပြောကြားခဲ့သည်။ 

မီလ်နာသည် အာနိုးလ် ဒဏ်ရာရနေသောကြောင့် ညာနောက်ခံလူအဖြစ် ကစားခဲ့ပြီး ပထမပိုင်းတွင် ဖိုဒန်ကို ဖျက်ထုတ်မှုကြောင့် အဝါကတ်တစ်ကြိမ် ပြသခံခဲ့ရသည်။ 

ဘာနာဒိုဆေးလ်ဗားကို ဖျက်ထုတ်မှုတွင် ဒုတိယအဝါကတ်ဖြင့် ထုတ်ပယ်ခံရသင့်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဆိုခဲ့ခြင်းဖြစ်သည်။ 

သို့သော် ယာဂန်ကလော့ပ်က ''ကျွန်တော် မသိပါဘူး။ ကျွန်တော် မမြင်တွေ့လိုက်ပါဘူး။ ဒါကြောင့် ဂွါဒီယိုလာ ဒေါသထွက်နေတာကို တွေ့ရချိန်မှာ ဘာကြောင့်လဲဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။ မီလ်နာကို လူစားလဲခဲ့တာက အစီအစဉ်အတိုင်းပါပဲ။ သူ 

ပထမပိုင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့ပေမဲ့ ခံစစ်ပိုင်းမှာ ခုခံကာကွယ်နိုင်ဖို့ မလွယ်တော့တာကြောင့်ပါ''ဟု ဆိုခဲ့သည်။ 

ယာဂန်ကလော့ပ်သည် မီလ်နာကို ပွဲချိန် ၇၈ မိနစ်တွင်မှ နောက်ခံလူ ဂျိုးဂိုးမက်ဇ်နှင့် လူစားလဲခဲ့သည်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သူ မီလ်နာသည် မန်စီးတီးအသင်းတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့သူလည်းဖြစ်သည်။

Most Read

Most Recent