စီးရီးအေပွဲစဉ် (၇)  ပွဲကြိုသုံးသပ်ချက် 

စီးရီးအေပွဲစဉ် (၇)  ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 2 October 2021

ဆလာနီတာနာ - ဂျီနိုအာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂ ရက် ည ၇:၃၀ နာရီ)

ဆလာနီတာနာက (၆)ပွဲကစားပြီးချိန်မှာ (၁)မှတ်သာရထားပြီး ဂျီနိုအာကလည်း အခြေအနေသိပ်မကောင်းဘူး။ ဒါပေမဲ့ ဂျီနိုအာမှာ စီးရီးအေအတွေ့အကြုံရင့်တွေရှိနေပြီး ဟန်ချက်ညီညီကစားနိုင်ရင် အမှတ်ရဖို့ မခက်ပါဘူး။ သရေကျဖို့များပြီး နိုင်မယ်ဆိုရင် ဂျီနိုအာပဲ ဖြစ်ပါလိမ့်မယ်။ 

တိုရီနို - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂ ရက် ည ၁၀:၃၀ နာရီ)

တူရင်ဒါဘီဆိုပေမဲ့ သိပ်ပြီးမခမ်းနားတဲ့အခြေအနေမျိုးပဲ။ ဂျူဗင်တပ်စ်က အသစ်ကပြန်စနေရတဲ့ပုံစံဖြစ်နေပြီး တိုရီနိုကလည်း အလယ်အလတ်တန်းစားအဆင့်ထက် မပိုတာကြာပါပြီ။ လတ်တလောမှာ နှစ်သင်းစလုံး စီးရီးအေရလဒ်တွေ ကောင်းထားပေမဲ့ သိပ်ပြီးအထင်ကြီးစရာမရှိဘူး။ ဂျူဗင်တပ်စ်မှာ ခံစစ်ပြဿနာရှိနေပြီး ဒီဘားလားလည်း မပါနိုင်သေးဘူးဆိုရင် ဂိုးရဖို့လည်း ခက်သွားနိုင်တယ်။ တိုရီနိုနဲ့ ဂိုးအနည်းပါ။ 

ဆာဆူအိုလို - အင်တာမီလန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၃ ရက် နံနက် ၁:၁၅ နာရီ)

တောင်ပံတိုက်စစ်အားကောင်းတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အင်တာမီလန် ဒုက္ခတွေ့တတ်တယ်ဆိုတာ ဆမ်ဒိုးရီးယား၊ အတ္တလန်တာတို့နဲ့ပွဲတွေမှာ မြင်ခဲ့ရပြီးပြီ။ ဆာဆူအိုလိုကလည်း မတည်ငြိမ်သေးဘူးဆိုပေမဲ့ ဘိုဂါ၊ ဘယ်ရာဒီတို့နဲ့ တောင်ပံတိုက်စစ်ထက်မြက်တဲ့အသင်းပါ။ ပွဲအဖြေကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတွေ အင်တာမီလန်မှာ ပိုပြီးပါဝင်နေပေမဲ့ ဒီပွဲက ဆာဆူအိုလို အမှတ်ရသွားနိုင်တဲ့ပွဲမျိုးပဲ။

Most Read

Most Recent