နောက်တစ်ဆင့်တက်ရန် ပိုမိုဖြစ်နိုင်သွားပြီဟု စီရော်နယ်လ်ဒို ပြောကြား

နောက်တစ်ဆင့်တက်ရန် ပိုမိုဖြစ်နိုင်သွားပြီဟု စီရော်နယ်လ်ဒို ပြောကြား
Photo: Sky Sports
Photo: Sky Sports
Published 2 October 2021

မန်ယူအသင်း၏ တောင်ပံကစားသမား စီရော်နယ်လ်ဒိုက ဗီလာရီးယဲလ်အသင်းကို အနိုင်ကစားခဲ့ပြီးနောက် နောက်တစ်ဆင့်သို့တက်ရန် အခြေအနေမှာ ပိုမိုဖြစ်နိုင်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၂)အဖြစ် ဗီလာရီးယဲလ်အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် လက်ခံကစားခဲ့ရာ စီရော်နယ်လ်ဒို၏ နောက်ကျအနိုင်ဂိုးဖြင့် (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

အဆိုပါပွဲစဉ်တွင် အနိုင်ဂိုးသွင်းယူခဲ့သည့် စီရော်နယ်လ်ဒိုက မိမိတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်တွင် ရှုံးထွက် (၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

စီရော်နယ်လ်ဒိုက "ကျွန်တော်တို့ အသင်းက ဒီနေ့ပွဲမှာသာ (၃)မှတ်မရခဲ့ဘူးဆိုရင် နောက်တစ်ဆင့်ကိုတက်ဖို့က အရမ်းခက်ခဲသွားနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ အရာအားလုံး ဖြစ်နိုင်ခြေရှိသွားပြီ။ အားလုံးကို မျှော်လင့်နိုင်ပါပြီ။ ကျွန်တော်တို့အားလုံးလည်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်နေပါပြီ"ဟု ပြောကြားခဲ့သည်။  

မန်ယူအသင်းသည် ချန်ပီယံလိဂ်အုပ်စု (F)တွင် (၂)ပွဲကစားပြီးချိန်၌ (၁)ပွဲနိုင်၊ (၁)ပွဲရှုံးဖြင့် အဆင့် (၃)နေရာတွင် ရပ်တည်နေသည်။ 

Most Read

Most Recent