ရွေးကောက်ပွဲတွင် PR စနစ်ဖြင့် ကျင်းပမည်ဟု ဆုံးဖြတ်ပါက အသုံးပြု ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများကို အရန်သင့် ပြင်ဆင်ထားကြောင်း UEC အဖွဲ့ဝင် ပြောကြား

ရွေးကောက်ပွဲတွင် PR စနစ်ဖြင့် ကျင်းပမည်ဟု ဆုံးဖြတ်ပါက အသုံးပြု ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများကို အရန်သင့် ပြင်ဆင်ထားကြောင်း UEC အဖွဲ့ဝင် ပြောကြား
Published 30 September 2021
အောင်မင်းသိန်း

မြန်မာနိုင်ငံနှင့် သင့်လျော်သည့် အချိုးကျကိုယ်စားပြုစနစ်(PR စနစ်)အား လာမည့် ရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် နိုင်ငံရေးပါတီအများစုက ထောက်ခံထားခြင်းကြောင့် ရွေးကောက်ပွဲတွင် PR စနစ်ဖြင့် ကျင်းပမည်ဟုဆုံးဖြတ်ပါက အသုံးပြုဆောင်ရွက်နိုင်ရန်အတွက်လိုအပ်သည့်ဥပဒေ၊ နည်းဥပဒေများကို  အရန်သင့်ပြင်ဆင်ဆောင် ရွက်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

စက်တင်ဘာ ၃၀ ရက်က နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ လာမည့် ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးမည်ဟု UEC အနေဖြင့် ဆုံးဖြတ်ထားပြီးပြီလားဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို  UEC အဖွဲ့ဝင် ဦးခင်မောင်ဦးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က PR စနစ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံနဲ့သင့်လျော်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်(PR)ကိုကျင့်သုံးဖို့၊ နောင်ရွေးကောက်ပွဲမှာ အသုံးပြုဖို့အတွက် ကျွန်တော်တို့နှစ်လပိုင်းမှာ၊ နောက်ငါးလပိုင်းမှာ တွေ့တဲ့ နိုင်ငံရေးပါတီ အများစုက ထောက်ခံ ပြီးဖြစ်တဲ့အတွက် ကျွန်တော်တို့ PR စနစ်ကို ကျင့်သုံးနိုင်ဖို့လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေ ပိုင်းတွေကိုလည်း ကျွန်တော်တို့ UEC အနေ နဲ့ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ကျင်းပ မယ်လို့အားလုံးက ဆုံးဖြတ်လိုက်တာနဲ့ ဆောင် ရွက်နိုင်ဖို့အတွက် အရန်သင့်ဆောင် ရွက်ထားပါတယ်” ဟု ဦးခင်မောင်ဦးက ပြောကြားသည်။

ရွေးကောက်ပွဲ၌ PR စနစ်ကို ကျင့်သုံးမည်ဆိုပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သတ်မှတ်ထားသည့် ကိုယ်စားလှယ်အရေအတွက်အတိုင်းဖြစ်ပြီး မဲဆန္ဒနယ် သတ်မှတ်ခြင်းသည်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၉ အတိုင်းသာဖြစ်ကြောင်း၊ မဲဆန္ဒနယ်များကို ကျယ်ပြန့်စွာ သတ်မှတ်ပြီး အချိုးကျကိုယ်စားပြုစနစ်နှင့် ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန်ကျင့်ခြင်း မရှိသည်ကို လေ့လာ တွေ့ရှိရကြောင်း ဦးခင်မောင်ဦးက ပြောကြား သည်။

“ဒီလိုလုပ်တဲ့အခါမှာ ကျွန်တော်တို့က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသ၊ ဒီခြောက် ခုပေါ့။ ဒါနဲ့ပတ်သက်လို့ရှိရင်တော့ ဘယ်လိုပဲ ဖြစ်ဖြစ်သူက သူ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေ  ခြောက်နေရာရှိတယ်။ ဒီနေရာမျိုးတွေကတော့ FPTP (နိုင်သူအကုန်ယူစနစ်- First Past The Post) နဲ့ပဲ သွားရမယ်။ နောက်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေအရဆိုရင်တော့ ၂၉ နယ်ရှိ တယ်။ ဒါတွေကတော့ FPTP နဲ့ပဲ သွားရမယ့် အနေအထားမျိုးတွေ ဖြစ်ပါတယ်။ သူ့ရဲ့ ဥပဒေပြဋ္ဌာန်းချက်အရရော လုပ်ရမယ့် နည်း စနစ်တွေက အဲအတိုင်းဖြစ်ပါတယ်။ အဲ အတိုင်း ကျွန်တော်တို့ ကြိုတင်ပြီးတော့ ပြင်ဆင်ထားပါတယ်” ဟု ဦးခင်မောင်ဦးက ပြောကြား သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့်ရွေးကောက်ပွဲစနစ်မှာ နိုင်သူကုန်ယူ စနစ်(FPTP)ဖြစ်ပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ် ၃၃၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အား တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် ၁၂ နေရာဖြင့် ၁၆၈  နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမဲဆန္ဒနယ်အား မြို့ နယ်တစ်မြို့နယ်လျှင် နှစ်နေရာ၊ တိုင်းရင်းသား လူမျိုးရေးရာမဲဆန္ဒနယ် ၂၉ နေရာ သတ်မှတ် ထားပြီး ယင်းမဲဆန္ဒနယ်တစ်ခုခြင်းတွင် ဝင် ရောက်ယှဉ်ပြိုင်သူသည် ပါတီကိုယ်စားပြု ဖြစ်စေ၊ တစ်သီးပုဂ္ဂလဖြစ်စေ မဲအများဆုံး ဖြစ်ပါက အနိုင်ရရှိသူဖြစ်သတ်မှတ်၍ လွှတ် တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက် တင်မြှောက်ခြင်း ဖြစ်သည်။

 

Most Read

Most Recent