အထနှေးခြင်းကို ပြင်ဆင်ရန်လိုအပ်ပြီး ကျန်ပြိုင်ပွဲများအတွက် ဆက်လက်ကြိုးပမ်းရမည်ဟု ဆိုးလ်ရှား သုံးသပ်

အထနှေးခြင်းကို ပြင်ဆင်ရန်လိုအပ်ပြီး ကျန်ပြိုင်ပွဲများအတွက် ဆက်လက်ကြိုးပမ်းရမည်ဟု ဆိုးလ်ရှား သုံးသပ်
Photo: PA
Photo: PA
Published 24 September 2021

မန်ယူအသင်းအနေဖြင့် လိဂ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် နည်းပြဖြစ်သူ ဆိုးလ်ရှားက ပွဲအစပိုင်းတွင် အထနှေးခြင်းကို ပြင်ဆင်နိုင်ရန် လိုအပ်ကြောင်းနှင့် ကျန်ပြိုင်ပွဲများအတွက် ဆက်လက်ကြိုးပမ်းရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

မန်ယူနှင့် ဝက်စ်ဟမ်းအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌တွေ့ဆုံပြီးနောက် သုံးရက်အကြာမှာပင် ထပ်မံတွေ့ဆုံခြင်းဖြစ်ပြီး ဝက်စ်ဟမ်းအသင်းက အိမ်ကွင်းရှုံးနိမ့်မှုကို အဝေးကွင်းနိုင်ပွဲဖြင့် ပြန်လည်ချေဖျက်ကာ လိဂ်ဖလားပြိုင်ပွဲ စတုတ္ထအဆင့် တက်ရောက်ခွင့်ရခဲ့သည်။ 

မန်ယူအသင်းမှာမူ နောက်ဆုံးနှစ် နှစ်ဆက် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်နောက်ပိုင်း အစောဆုံး အဖြစ် တတိယအဆင့်မှထွက်ခဲ့ရသလို ဖလားတစ်လုံးမျှော်လင့်ချက် လက်လွှတ်ခဲ့ရပြီဖြစ်သည်။ 

ယင်းပွဲအပြီးတွင် ဆိုးလ်ရှားက "ပွဲအစ မှာ ကစားပုံမကောင်းတာမျိုး ထပ်ဖြစ်တာပါ။ ဒါကို ပြင်ဆင်နိုင်ဖို့ လိုပါတယ်။ နောက်ပိုင်းမှာ တော့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ အချက်အလက်တွေက ဘာမှအဓိပ္ပာယ်မရှိဘူးဆိုပေမဲ့ ဂိုးကန်သွင်းခွင့် ၂၇ ကြိမ်ရတယ် ဆိုတာက ဒီချာတိတ်တွေ ဘယ်လောက်ကောင်းအောင် ကစားခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။ သွားရမယ့်ခရီးက အရှည်ကြီးပါ။ အခုမှ ရာသီအစပဲရှိပါသေးတယ်။ ချန်ပီယံလိဂ်၊ FA ဖလားနဲ့ ပရီးမီးယားလိဂ်ပွဲတွေ အများကြီးကစားရပါဦးမယ်။ လာမယ့်ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေ ဆက်ပြီးရယူနိုင်အောင် ဒီပုံစံကို ထိန်းထားရပါမယ်"ဟု သုံးသပ်ပြောကြားသည်။

Most Read

Most Recent