အသိပညာပေးရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေဆဲ မွန်ပြည်နယ်က ကျေးလက်ဒေသများ

အသိပညာပေးရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေဆဲ မွန်ပြည်နယ်က ကျေးလက်ဒေသများ
COVID-19 သေဆုံးလူနာများကို သဂြုႋဟ်ရန်  ပြင်ဆင်နေစဉ် (Photo: Mawlamyine Rescue Team)
COVID-19 သေဆုံးလူနာများကို သဂြုႋဟ်ရန် ပြင်ဆင်နေစဉ် (Photo: Mawlamyine Rescue Team)
Published 5 September 2021
ဘိုဘိုမြင့်

ကမ္ဘာပေါ်မှာ COVID-19 ကူးစက် ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် စတင် ကြေညာခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက် ကစလို့ ကပ်ရောဂါနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို သက်ဆိုင်ရာ ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ပတ်သက်လို့လုပ် ကိုင်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ၊ ကြက်ခြေနီနဲ့ ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့၊ Volunteer တွေက ပြည်သူလူထုကြားထဲမှာ အသိပညာပေး လုပ်ငန်းတွေကို နည်းလမ်းပေါင်းစုံနဲ့လုပ် ဆောင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာလည်း COVID-19 ကပ်ရောဂါနဲ့ပတ်သက်လို့ ပထမဆုံး Positive လူနာစတင်တွေ့ရှိခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်က ယနေ့အထိဆိုရင် ဖြင့် အချိန်ကာလအားဖြင့် တစ်နှစ်နဲ့ငါးလ ကျော်လာပြီဖြစ်ပါတယ်။

ဒီကာလအတွင်းမှာ ရောဂါကူးစက်ဖြစ် ပွားသူတွေ သိန်းနဲ့ချီပြီးရှိခဲ့သလို သေဆုံး သူတွေလည်း သောင်းနဲ့ချီပြီးရှိခဲ့ပါတယ်။ လက်ရှိကာလမှာလည်း ကူးစက်ဖြစ်ပွားသူ တွေနဲ့ သေဆုံးသူတွေ နေ့စဉ်ရှိနေဆဲဖြစ်ပါ တယ်။

“ကျွန်မတို့ဒေသက ကျေးရွာတွေမှာ အခုအချိန်အထိကို နာရေးဖြစ်ရင် လူသေကို ရေချိုးပေးတာ။ နာရေးကိုလူစုလူဝေးနဲ့လိုက် ပါပို့ဆောင်တာတွေ လုပ်ဆဲဖြစ်နေတယ်။ အဲဒီအပြင်ကို “ငါအနံ့မရတာ နှစ်ရက်ရှိပြီ” လို့ပြောပြီး စျေးသွားနေကြတဲ့သူတွေက လည်း ရှိနေတယ်။ နောက် Mask လည်း မတပ်ကြဘူး။ အခုအချိန်အထိကို ဒီလိုပဲ သွားလာနေကြတယ်။ အဲဒါကြောင့် အခု နောက်ပိုင်းမှာ COVID-19 Positive လူနာ တွေ အတွေ့များလာတဲ့အပြင်ကို သေဆုံးသူ တွေလည်းရှိလာပါတယ်”

ဒါက မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတွင်းမှာ ကျန်းမာရေးနဲ့ လူမှုရေးလုပ် ငန်းတွေ လုပ်ကိုင်ပေးနေတဲ့ မိစန္ဒာနန်က ပြောတာပါ။

“ကျိုက်မရောမြို့နယ်ထဲက တချို့ရွာ တွေဆိုရင် မိုးတွင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့အတွက် သွားရေးလာရေး အခက်အခဲကရှိနေတယ်။ အဲဒီအပြင်ကို တချို့ရွာ တွေမှာဆိုရင် ဖုန်းလိုင်းက မမိသေးဘူး။ အဲဒီ လိုကျေးရွာတွေမှာ ဒေသခံတွေက ကျန်းမာ ရေးနဲ့ပတ်သက်လို့ တစ်ခုခုဆိုရင် လူနာကို သယ်ဖို့၊ ပို့ဖို့က အခက်အခဲတွေရှိတယ်။ နောက်ပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ သိနား လည်မှုတွေလည်း နည်းနေကြတယ်လို့ ဆိုလို့ ရပါတယ်။ အဲဒီအတွက်ကြောင့်လည်း အခု လိုအချိန်မျိုးမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဒီ COVID-19နဲ့ပတ်သက်တဲ့ အသိပညာ ပေးတာတွေကို ပြန်လုပ်ပေးနေရတယ်။ အဓိကက မလိုအပ်ဘဲ အိမ်အပြင်အထွက် ကြဖို့၊ အပြင်ထွက်ရင်လည်း Mask တပ်ကြ ဖို့ပေါ့နော်။ အဲဒါတွေကို ပြန်လုပ်ပေးနေရပါ တယ်”လို့ မိစန္ဒာနန်က ဆိုပါတယ်။

ဒါ့အပြင်ကို ကျိုက်မရောမြို့နယ် အတွင်းက ကျေးရွာတချို့မှာလည်း ဖျားနာသူတွေအများအပြားရှိနေတဲ့အတွက် ကျန်း မာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် အကူအညီတွေ တောင်းခံထားရတယ်လို့ လည်း မိစန္ဒာနန်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်ကနေ စက်တင်ဘာ ၃ ရက်အထိကို ဓာတ်ခွဲအတည်ပြုလူနာ ၁၅၀၀ ကျော်နဲ့ ဓာတ်ခွဲအတည်ပြုလူနာ ၁၀၀ ကျော်သေဆုံးခဲ့တဲ့ မွန်ပြည်နယ် ချောင်းဆုံ မြို့နယ်အတွင်းမှာလည်း COVID-19 ကူး စက်ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအ နေ နဲ့ပတ်သက်ပြီးတော့ ရောင်နီသစ်ကွမ်သဲ လူမှုကယ်ဆယ်ရေးအဖွဲ့က ဒေါ်ကြည်ကြည် မြက “ပထမက ဒီလိုပဲ ကူးစက်ဖြစ်ပွားမှုတွေ ရှိနေပေမဲ့ Lockdown ချခံရမှာ စိုးရိမ်ပြီးတော့ အိမ်မှာပဲ ကျိတ်ကုနေကြတယ်။ အဲဒီအပြင် ကို အပြင်သွားလာတာတွေရှိတယ်။ နောက်လူတွေကလည်း အပြင်ထွက်လာရင် Mask မတပ်ကြဘူး။ အဲဒီကနေ ပြန့်သွားတယ်လို့  ဆိုလို့ရပါတယ်။ ကူးစက်ဖြစ်ပွားမှုနှုန်းက လည်း အရမ်းများသွားသလို သေဆုံးမှုတွေက လည်း အများကြီးဖြစ်နေတယ်။ ရွာတွေမှာ ဆိုရင် စာရင်းမတက်ဘဲနဲ့ သံသယနဲ့သေဆုံး တဲ့သူတွေလည်း အများကြီးရှိတယ်”လို့ပြော ပါတယ်။

၎င်းက ဆက်လက်ပြီးတော့ “ကျွန်မတို့ အနေနဲ့က အသိပညာပေးမှုအပိုင်းတွေကို ဆက်တိုက်လုပ်နေပါတယ်။ အနံ့ပျောက် တယ်ဆိုရင် အိမ်မှာပဲ မနေကြဖို့၊  ဆေးရုံကို လာပြီး ဆေးစစ်မှုကိုခံယူပါပေါ့လေ။ မလို အပ်ဘဲအပြင်မထွက်ကြဖို့နဲ့ အိမ်မှာပဲ အတတ်နိုင်ဆုံးနေကြဖို့ပေါ့။ အဲဒီလိုမျိုးတွေ ကို လုပ်ပေးနေတယ်။ အနံ့ပျောက်လို့ဆေးရုံ ဆေးခန်းသွားလာချင်တယ်ဆိုရင် ကျွန်မတို့ က လူနာတင်ယာဉ်တွေနဲ့ကြိုပို့ပေးတာတွေ လုပ်ဆောင်ပေးနေတယ်။ သာမန်အနံ့ပျောက်တာလောက်ပဲဆိုရင်တော့ ချောင်းဆုံမြို့နယ် အားကစားရုံမှာ ဖွင့်လှစ်ထားတဲ့  Isolation Ward ကိုပို့ဆောင်ပေးတယ်။ အောက်ဆီ ဂျင်ကျနေတယ်။ ဆေးကုသမှုလိုအပ်နေ တယ်ဆိုရင်တော့ ချောင်းဆုံမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးနေပါတယ်။ တခြား တိုက်နယ်ဆေးရုံတွေကိုလည်း ပို့ဆောင်ပေး နေရတာတွေလည်း ရှိပါတယ်”လို့ ဆိုပါ တယ်။

ကျေးရွာတွေမှာက ကျန်းမာရေးစောင့် ရှောက်မှုတွေ လိုကိုလိုအပ်နေသေးကြောင်း၊ တစ်လောကပဲ မိမိတို့ရွာက လူနှစ်ဦးသေဆုံး ကြောင်း၊ ပေါ့ဆတာလည်းပါသလို ၎င်းတို့ဖျားနာတာတွေကို စစ်ဆေးရန်အတွက် ဥပမာ အောက်ဆီမီတာမရှိသည့်အတွက် အောက်ဆီဂျင်ကျနေတာကို မသိခြင်း၊ သာ မန်ဖျားနာတယ်ဆိုပြီး ဒီအတိုင်းဆေးသောက် ပြီးနေနေကြသူတွေလည်းရှိကြောင်း၊ ထို့ပြင် ဆေးခန်းတွေက သိပ်မဖွင့်ကြတာလည်းပါ ကြောင်း၊ ထို့အတွက်ကြောင့် ကျေးရွာတွေမှာ အသိပညာပေးတာတွေရော၊ ကျန်းမာရေး စောင့်ရှောက်မှုပါ လုပ်ဆောင်ဖို့လိုအပ်နေ ပါကြောင်း ဒေါ်ကြည်ကြည်မြ၏ ပြောကြား ချက်များအရ သိရပါတယ်။

ပေါင်မြို့နယ်က COVID-19အရေးဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေသူတစ်ဦးကတော့ “ဒီကပ်ရောဂါနဲ့ပတ်သက်ပြီးတော့ လက်ရှိ ဖြစ်ပျက်နေတာတွေကို Social Media တွေကနေတစ်ဆင့် မြင်နေတွေ့နေ ကြားနေကြရတဲ့အတွက်ကို အသိပညာပေးမှု တွေက သိပ်မလိုအပ်တော့ဘူးလို့တော့ မြင် ပါတယ်။ ဒါပေမဲ့လည်း ပေါင်မြို့နယ် အတွင်းမှာဆိုရင် ရွာတွေမပြောနဲ့ မြို့ပေါ်မှာ ကိုက ဒီကပ်ရောဂါကာလ အတွင်းမှာ သေ ဆုံးသူတွေကို SOP နဲ့သေချာထုပ်ပြီး သယ် ဆောင် သဂြုႋဟ်ရမှာကို အခုအချိန်အထိကို အခေါင်းရိုက်ပြီး ထည့်တယ်။ အဲဒီအပြင်ကို အသုဘလိုက်ပို့နေကြတာတွေ ရှိနေကြတုန်း ပဲ။ နဂိုအသုဘပို့တဲ့ပုံစံအတိုင်းကို လုပ်နေ ကြတဲ့သူတွေက ရှိနေကြတုန်းပါပဲ။ အဲဒီ လိုလုပ်နေကြတဲ့ရွာတွေကလည်း ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု များတဲ့ရွာတွေဖြစ်နေ တယ်”လို့ ပြောပါတယ်။ 

ကျေးရွာတွေမှာ ကျန်းမာရေးစောင့် ရှောက်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ကျန်း မာရေးဦးစီးဌာနက သားဖွားဆရာမများ၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများ တော့ရှိကြောင်း၊ ၎င်းတို့ကလည်း တတ်နိုင် သလောက် လက်လှမ်းမီသလောက် လုပ် ဆောင်ပေးနေတာတွေကိုလည်း ကြားသိရ ကြောင်း၊ သို့သော်လည်း ကျေးရွာတွေမှာက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်ပြီး လိုအပ်ချက်တွေက ရှိနေဦးမှာဖြစ်ကြောင်း၊ အရေးအကြောင်းဆိုပါက ဆေးရုံ၊ ဆေးခန်း နှင့် ဝေးခြင်း၊ သွားရေးလာရေး ကန့်သတ်ချက် များရှိခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။

လက်ရှိကပ်ရောဂါကာလအတွင်း  ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေအနေနဲ့ အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ လူနာအကြိုအပို့လုပ် ဆောင်ပေးခြင်းနှင့် နာရေးကိစ္စများ ကူညီ ဆောင်ရွက်ပေးခြင်း၊ ပြည်သူများ၏ စားရေး သောက်ရေးအတွက် လိုအပ်သည့် ဆန်၊ ဆီ၊ ကြက်သွန် စသည်ဖြင့် လှူဒါန်းပေးခြင်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း စသည် တို့ကိုလည်း တတ်စွမ်းသမျှဆောင်ရွက်ပေး နေကြပါတယ်။

ကျိုက်မရောမြို့နယ်အတွင်းက ကျေး ရွာတချို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တာနဲ့ပတ်သက်လို့ မော်လမြိုင်မြို့က ဘိုဘို ဝင်းပရဟိတ အရေးပေါ်လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ကိုဘိုဘိုဝင်းက “ကျိုက်မရော မြို့နယ် ပေါလောကုန်းကျေးရွာမှာဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကနေ သြ ဂုတ်လ ဒုတိယပတ်လောက်အထိကို ရေကြီးရေလျှံမှုခံစားခဲ့ရတယ်။ အဲဒီအပြင်ကို COVID-19 ကပ်ရောဂါနဲ့ပတ်သက်ပြီး ကူး စက်ဖြစ်ပွားမှု များနေတယ်ဆိုတဲ့ အတွက် မော်လမြိုင်မြို့က ဒေါက်တာသက်ကျော်စိုးနဲ့ အဖွဲ့ရယ်၊ မော်လမြိုင်မြို့နယ် ကြက်ခြေနီ အဖွဲ့ရယ်၊ ကျွန်တော်တို့အဖွဲ့ရယ် ပူးပေါင်းပြီး တော့ ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်က အဲဒီကျေး ရွာမှာကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ ပါတယ်။ အဲဒီမှာ ဖျားနာလူနာ ၇၃ ဦးကို  RDT နဲ့ဆေးစစ်ကြည့်တဲ့အခါမှာ လူအ ယောက် ၃၀ မှာ Positive ဖြစ်နေတာတွေ့ ရတယ်။ အဲဒီလူနာတွေထဲကမှ လူနာ ၂၃ ယောက်ကို ရွာကစာသင်ကျောင်းမှာပဲ ှ Quarantine ဖွင့်ပြီးတော့ ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ဖို့စီစဉ်ပေးခဲ့တယ်။ ကျန်တဲ့ အောက် ဆီဂျင်ကျပြီးတော့ ဆီးချို၊ သွေးချိုရှိတဲ့ လူနာ ခုနစ်ဦးကို ကျိုက်မရောမြို့နယ် ပြည်သူ့ဆေး ရုံမှာရှိတဲ့ Isolation Ward ကိုပို့ဆောင်ပေး ခဲ့ပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာလည်း မော်လမြိုင်မြို့နယ် အပါအဝင် မြို ့နယ်တချို့မှာ ပရဟိတလူမှု ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကျေးရွာနေ ပြည်သူတွေကို တတ်စွမ်းသမျှ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့လည်း သိရပါတယ်။

သံဖြူဇရပ်မြို့နှင့် အနီးဝန်းကျင်ရှိ ကျေး ရွာများ၌ နေမကောင်းဖြစ်နေသူများ၊ အနံ့ ပျောက်နေသူများအား နြိငခေူ ွှနော ဖွဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း COVID-19အရေးဝိုင်းဝန်းကူညီဆောင် ရွက်ပေးနေသည့် သံဖြူဇရပ်မြို့နာရေး ကူညီမှုအသင်းဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဝင်းက လည်း ပြောပါတယ်။

 “သံဖြူဇရပ်မြို့နယ် နာရေးကူညီရေး အသင်းအနေနဲ့မြို့နယ်အတွင်းမှာ လော လောဆယ် ဖျားနာတာတို့၊ အနံ့ပျောက်တာ တို့စသည်ဖြင့်ပေါ့လေ။ အကူအညီတောင်းခံ လာရင် ဆရာဝန်တွေရဲ့ညွန်ကြားချက်နဲ့ ကျွန်တော်တို့ကိုယ်တိုင် ဆေးဝါးအကူအညီ လိုက်ပေးနေပါတယ်။ အဲဒီအပြင်ကို ကျန်းမာ ရေးဆေးစစ်စောင့်ရှောက်မှုတွေကိုလည်း လိုက်လံဆောင်ရွက်ပေးနေပါတယ်”လို့ ဦးကျော်ဝင်းက ဆိုပါတယ်။

၎င်းကဆက်လက်ပြီး “ဒီကပ်ရောဂါက တချို့နေရာတွမှာ ကူးစက်ဖြစ်ပွားမှုနဲ့သေဆုံး မှုနှုန်းက ကျဆင်းနေပေမဲ့ ကျေးရွာတွေမှာ တော့ ကူးစက်ဖြစ်ပွားမှုနှုန်း ပြန်တက်နေတာ တွေရှိပါတယ်။ အရင်တုန်းက ရောဂါမဖြစ် ခဲ့တဲ့ ကျေးရွာတွေမှာ ရောဂါကူးစက်ဖြစ်ပွားမှု တွေ ဖြစ်နေပါတယ်။ ဒါ့ကြောင့်လည်း ပေါ့ ဆလို့တော့မရဘူး။ အားလုံး သတိထားဖို့လို ပါမယ်”လို့ ပြောပါတယ်။

COVID-19 ကူးစက်ကပ်ရောဂါ ကာ လကလည်း ရှည်ကြာနေပါပြီ။ ကျန်းမာရေး နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်များကြား နေထိုင်လှုပ်ရှားလုပ်ကိုင်နေကြရတဲ့ ပြည်သူတွေ အနေနဲ့ကလည်း စိတ်ဖိစီးမှုတွေ စားဝတ် နေရေး အခက်အခဲတွေရှိနေကြပါပြီ။

မည်သို့ပင်ဆိုစေ ကပ်ရောဂါကာလက မပြီးဆုံးသေးပါဘူး။ တတ်နိုင်သလောက် အိမ်ထဲမှာနေနေကြရဦးမယ်။ မဖြစ်မနေ အိမ်အပြင်ထွက်ရမယ်ဆိုရင်လည်း Mask တပ်ကို တပ်ကြရပါဦးမယ်။ အဲဒီအပြင်ကို ကျန်းမာရေးနဲ ့ပတ်သက်ပြီးတော့ စောင့် ရှောက်မှုလိုအပ်လာမယ်ဆိုရင်လည်း သက် ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေမှာတဲ့ ကျန်း မာရေးဌာနက တာဝန်ရှိသူတွေ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေချိတ်ဆက် ဆောင် ရွက်လို့ရနိုင်ပါတယ်။

အခက်အခဲတွေ ဘယ်လိုပဲရှိနေပါစေ။ ကျန်းမာစွာ ရှင်သန်နိုင်စေဖို့တိုက်တွန်းလို ပါတယ်။