စီးပွားရေးလုပ်ငန်းရှင်ဦးတေဇနှင့် ထူးကုမ္ပဏီအုပ်စုကို ပစ်မှတ်ထားပြီး မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များ ဗြိတိန်ကြေညာ

စီးပွားရေးလုပ်ငန်းရှင်ဦးတေဇနှင့် ထူးကုမ္ပဏီအုပ်စုကို ပစ်မှတ်ထားပြီး မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များ ဗြိတိန်ကြေညာ
Published 2 September 2021
Ref:Reuters

 ဗြိတိန်သည် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို ့မှုအသစ်များအား စက်တင်ဘာ ၂ ရက်တွင် ကြေညာခဲ့ရာ ယခုနှစ် အစောပိုင်းတွင် တပ်မတော်က နိ်ုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီးနောက် လက်နက်များနှင့်ငွေ ကြေး ထောက်ပံ့မှုများအတွက် တပ်မတော်အစိုးရ၏ အဓိကစီးပွားရေး လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ပစ်မှတ်ထားခဲ့သည်ဟု ဆိုသည်။     

စီးပွားရေးလုပ်ငန်းများ ပူးပေါင်းတည်ထောင်ထားသော ထူးကုမ္ပဏီများအုပ်စုနှင့် ၎င်းကိုတည်ထောင်သူ ဦးတေဇတို ့နှင့် သက်ဆိုင်သောပိုင်ဆိုင်မှုများကို ထိန်းချုပ်မည်ဟု ဗြိတိန်နိ်ုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ဦးတေဇသည် တပ်မတော် အစိုးရကိုယ်စား လက်နက်ရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ဆိုသည်။

ဗြိတိန်သည်  ဖေဖော်ဝါရီတွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများအား ယခင်က ချမှတ်ခဲ့ပြီးဖြစ်သည်။

 “ ကျွန်တော်တို ့ရဲ  ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဗြိတိန်အနေနဲ ့တပ်မတော်အစိုးရရဲ ့ငွေကြေးရရှိမှု၊ကလေး သူငယ်တွေအပါအဝင်အပြစ်မဲ့သူတွေကို သတ်ဖို ့အသုံးပြုတဲ့လက်နက်တွေထောက်ပံ့မှုကို ဆက်လက်ကန့်  သတ်သွားမှာဖြစ်ပါတယ်။ပြီးတော့တပ်မတော်အစိုးရရဲ ့လုပ်ရပ်တွေကိုထောက်ခံတဲ့သူတွေကိုလည်းဆက် လက်ပစ်မှတ်ထားသွားမှာဖြစ်ပါတယ်” ဟုဒေါမနစ်ရက်က ဖော်ပြခဲ့သည်။

Most Read

Most Recent