မြန်မာနိုင်ငံတွင် သြဂုတ် ၃၁ ရက်အထိ COVID-19 ကာကွယ်ဆေးနှစ်ကြိမ် အကြိမ်ပြည့်ထိုးနှံပြီးသူ နှစ်သန်းကျော်ရှိလာ

မြန်မာနိုင်ငံတွင် သြဂုတ် ၃၁ ရက်အထိ COVID-19 ကာကွယ်ဆေးနှစ်ကြိမ် အကြိမ်ပြည့်ထိုးနှံပြီးသူ နှစ်သန်းကျော်ရှိလာ
Published 2 September 2021

မြန်မာနိုင်ငံတွင် သြဂုတ် ၃၁ ရက်အထိ COVID-19  ကာကွယ်ဆေး နှစ်ကြိမ် အကြိမ် ပြည့်ထိုးနှံပြီးသူ နှစ်သန်းကျော် ရှိလာပြီး ဒုတိယအကြိမ် ထိုးနှံရမည့်သူများကိုလည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရ သည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးများကို  အသက် ၁၈ နှစ်အထက် လူဦးရေ ၃၆ ဒသမ ၉ သန်းကို ဦးစားပေး ထိုးနှံပေးလျက်ရှိပြီး သြ ဂုတ် ၃၁ ရက်အထိ ကာကွယ်ဆေး အကြိမ် ပြည့်ထိုးနှံပြီးစီးသည့် လူဦးရေ ၂၁၀၄၉၃၄ ဦး၊ တစ်ကြိမ်ထိုးနှံပြီးစီးသူ ၂၆၆၂၃၆၄ ဦး၊ ထိုးနှံ ပြီးစီးသည့် လူဦးရေစုစုပေါင်း ၄၇၆၇၂၉၈ ဦး နှင့် ထိုးနှံပြီးစီးသည့်အကြိမ်ရေ စုစုပေါင်း ၆ ဒသမ ၉သန်း (၆၈၇၂၂၃၂) ရှိကြောင်း ကျန်း မာရေးဝန်ကြီးဌာနမှ သိရသည်။

 တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် COVID-19  ကာကွယ်ဆေး Sinopharm (Beijing) နှစ်သန်း သြဂုတ် ၂၈ ရက် ညနေ ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိပြီး ကာကွယ်ဆေးများကို ရန် ကုန်တိုင်းဒေသကြီး ကုသရေး/ ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူခဲ့ကြောင်းနှင့် အဆိုပါကာကွယ် ဆေးများကို သြဂုတ် ၂၉ ရက်မှစ၍ တိုင်း ဒေသကြီး၊ ပြည်နယ်များသို့  စတင်ဖြန့်ဝေပေး လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံက လှူဒါန်းထားသော Sinopharm COVID-19 ကာကွယ်ဆေး၂ ဒသမ ၅ သန်း ၊ ဝယ်ယူထားသည့်  Sinovac COVID-19 ရောဂါ ကာကွယ် ဆေးနှစ်သန်း၊ ယခုထပ်မံရောက်ရှိသည့်  Sinopharm ကာကွယ်ဆေး နှစ်သန်းနှင့် စုစု ပေါင်း ကာကွယ်ဆေး ၆ ဒသမ ၅ သန်း ရောက်ရှိထားပြီးဖြစ်သည်။ 

လက်ရှိ တစ်နေ့လျှင် COVID-19 ရောဂါကာကွယ်ဆေး တစ်သိန်းခွဲထိုးနှံပေး နေပြီး သတ်မှတ်ထားသည့် ဦးတည်အုပ်စုများ ကို ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ မှစ၍ COVID-19ကာကွယ်ဆေး စတင် ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent