ကန်းထရီးစတား Kacey Musgraves ၂၀၂၂ ခုနှစ်တွင် နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်မည်

ကန်းထရီးစတား Kacey Musgraves ၂၀၂၂ ခုနှစ်တွင် နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်မည်
Photo:AFP
Photo:AFP
Published 2 September 2021
Ref : Stereogum

အမေရိကန် ကန်းထရီးဂီတလောကတွင် နာမည်ကျော်တစ်ယောက်ဖြစ်သည့် တေးရေးတေးဆို Kacey Musgraves သည် လာမည့် ၂၀၂၂ ခုနှစ်တွင် နယ်လှည့်ဖျော်ဖြေသွားမည်ဖြစ်သည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် သူမ၏နယ်လှည့်ဖျော်ဖြေမှုများကို အမေရိကန် တေးရေးတေးဆို King Princess နှင့်အတူ မြောက်အမေရိကတွင် ပြုလုပ်သွားမည်ဖြစ်ကာ Star-Crosses : Unveiled ပွဲဟု အမည်ပေးထားသည်။

ဖျော်ဖြေပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့၌ စတင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် လော့စ်အန်ဂျလိစ်မြို့၌ ဖျော်ဖြေပွဲ အဆုံးသတ်မည်ဖြစ်သည်။

Musgraves သည် စက်တင်ဘာ ၁၀ ရက်တွင်လည်း ပဥ္စမြောက်စတူဒီယိုအယ်လ်ဘမ် Star-Crossed အခွေ ထွက်ရှိမည်ဖြစ်ပြီး ထိုအခွေထဲတွင် Star-Crossed နှင့် Justified အမည်ရှိ Singles သီချင်းများပါဝင်ကာ Star-Crossed သီချင်းကို စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပမည့် MTV Video Music Awards ဆုပေးပွဲတွင် ဖျော်ဖြေမည်ဟု သိရသည်။

သူမသည် ၂၀၁၈ ခုနှစ်က Golden Hour အမည်ဖြင့် တေးအယ်လ်ဘမ် ထွက်ထားပြီးနောက် Star-Crossed သည် ပထမဆုံး ထွက်လာသည့်အခွေ ဖြစ်သည်။

Most Read

Most Recent