မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တရုတ်နိုင်ငံမှ မှာယူ တည်ဆောက်ထားသည့် တွန်း/ဆွဲ ရေယာဉ်အသစ် နှစ်စင်းဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်သွားလာနေသည့် သင်္ဘောကြီးများအား ဝန်ဆောင်မှုပေးမည်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တရုတ်နိုင်ငံမှ မှာယူ တည်ဆောက်ထားသည့် တွန်း/ဆွဲ ရေယာဉ်အသစ် နှစ်စင်းဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်သွားလာနေသည့် သင်္ဘောကြီးများအား ဝန်ဆောင်မှုပေးမည်
တရုတ်နိုင်ငံမှ မှာယူထားသည့် သင်္ဘောများအား တွေ့ရစဉ်
တရုတ်နိုင်ငံမှ မှာယူထားသည့် သင်္ဘောများအား တွေ့ရစဉ်
Published 30 August 2021

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တရုတ်နိုင်ငံမှ မှာယူတည်ဆောက်ထားသည့် တွန်း/ဆွဲရေယာဉ်အသစ် နှစ်စီးဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်သွားလာနေသည့် သင်္ဘောကြီးများအား ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်သွားလာနေကြသည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်သင်္ဘောကြီးများအား တွန်း/ဆွဲ လုပ်ငန်း ဆောင်ရွက်ရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မှာယူတည် ဆောက်ခဲ့သော တွန်းဆွဲရေယာဉ်အသစ် နှစ်စီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမကျိုးဆိပ်ကမ်းမှ သြဂုတ် ၂ ရက်တွင် စတင်ထွက်ခွာလာပြီး ရန်ကုန်မြို့၊ ရှိပန်းဆိုးတန်းရှိ ကျန်းမာရေးဆိပ်ကမ်းသို့ သြဂုတ် ၁၈ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါရေယာဉ် နှစ်စီးသည် အလျား ၃၄ မီတာ အကျယ် ၁၁.၆ မီတာ၊ ရေစူး ၄ မီ တာရှိပြီး၊ မြင်းကောင်ရေ ၂၅၀၀ BHP စီရှိသော ဂျပန်နိုင်ငံထုတ် Yanmar အင်ဂျင် နှစ်လုံးကို တပ်ဆင်ထားကြောင်း သိရသည်။ အမြန်နှုန်းအားဖြင့် တစ်နာရီလျှင် ရေမိုင် ၁၂ မိုင်နှုန်းမောင်းနှင်နိုင်မည်ဖြစ်သည်။ တည်ဆောက်သည့် ကာလမှာ စုစုပေါင်း ၁၈ လဖြစ်ပြီး ဆင်မင်း ၁ နှင့် ဆင်မင်း ၂ ဟု အမည်ပေးထားကြောင်း သိရသည်။

အများပြည်သူရုံးပိတ်ရက်များတွင် ပင်လယ်ရေကြောင်းမှ ကုန်သေတ္တာဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများအား ဆိပ်ကမ်းမှ ထုတ်ယူနိုင်ရေးအတွက် နေ့စဉ်ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနသည် ရုံးပိတ်ရက်အတွင်း DO ၊ Shipping Instruction (SI) နှင့် 90/91 Form များကို နေ့စဉ်ပိတ်ရက်မရှိ ထုတ်ပေးသွားမည်ဖြစ်ပြီး အထူးသဖြင့် ဆေးနှင့် ဆေးပစ္စည်းများကို အမြန်ထုတ်ယူနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ပေးသွားမည် ဖြစ်သဖြင့် ဆေးနှင့် ဆေးပစ္စည်း တင်သွင်းထားကြသူများအနေဖြင့် ကိုယ်စားလှယ်လုပ်ငန်းဌာန၊ ဌာနခွဲ (၁) ဖုန်း ၀၉၅၁၁၂၈၇၃ သို့ အမြန်ဆုံးဆက်သွယ်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

COVID-19 ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးအတွက် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သေတ္တာဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများအား AWPT ၊ HPT ၊ MIP နှင့် MITT ဆိပ်ကမ်း တံတားအသီးသီး မှ အမြန်ဆုံးထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနသည် ပြည်ပမှ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများအား ပြည်သူများထံသို့ အမြန်ဆုံးရောက်ရှိစေရန် AWPT ၊ HPT ၊ MIP နှင့် MITT ဆိပ်ကမ်းတံတား အသီးသီးသို့ရောက် ရှိပြီးဖြစ်သည့် ဆေးနှင့်ဆေးပစ္စည်း ကုန်သေတ္တာများကို အမြန်ဆုံးနှင့် ချက်ခြင်းထုတ်ပေးသွားနိုင်ရန် လိုအပ်သည်များကို စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။

COVID-19 ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးအတွက် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သေတ္တာဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများအား ဆိပ်ကမ်းတံတားများမှ အမြန်ဆုံးထုတ်ပေးနိုင်ရန် အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်း၍ လုပ်ဆောင်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုအခါ အခြားအိမ်နီးချင်းနိုင်ငံများ နည်းတူ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ မျိုးကွဲသစ်များ ကူးစက်ပျံ့နှံ့လျက်ရှိရာ ရောဂါကုသရေးနှင့် ကူးစက်ပျံ့ပွားမှုများအား တားဆီးကာကွယ်ထိန်းချုပ်ရေးတို့ကို အထောက်အကူပြုစေရန်အတွက် ပင်လယ်ရေကြောင်းဖြင့် ပြည်ပမှ မှာယူတင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများကို ပြည်သူများထံသို့ အမြန်ရောက်ရှိစေရေးအတွက် ဆေးနှင့် ဆေးပစ္စည်းကုန်သေတ္တာများအား အမြန်ဆုံး ဆိပ်ကမ်းမှထုတ်ပေးနိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများသည် အကောက်ခွန်ဦးစီးဌာနနှင့် ညှိနှိုင်းပူးပေါင်း၍ ခွင့်ပြုထုတ်ပေးလျက်ရှိသည်။

Most Read

Most Recent