ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၈၁၆ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးကျပ် ၁၆၈၂၀၀၀ ဝန်းကျင်ရှိနေ

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၈၁၆ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးကျပ် ၁၆၈၂၀၀၀ ဝန်းကျင်ရှိနေ
Published 28 August 2021

သြဂုတ် ၂၈ ရက်တွင် ကမ္ဘာ့ရွှေစျေးဒေါ်လာ ၁၈၁၆ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးကျပ် ၁၆၈၂၀၀၀ ဝန်းကျင်ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ သြဂုတ် ၂၈ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၁၆၈၂၀၀၀ ဝန်းကျင်ရှိနေပြီး၊ ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၅၆၈၀၀၀ ဝန်းကျင်ရှိနေခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက်စံချိန်တင် စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ ၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ နှင့် ကျပ် ၁၂၀၀၀၀၀ ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင်ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

လအလိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံး ရွှေစျေးနှုန်းများမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ကျပ် ၁၃၁၆၅၀၀- ၁၃၃၆၀၀၀၊ ဖေဖော်ဝါရီတွင်ကျပ် ၁၃၄၁၀၀၀- ၁၄၂၀၀၀၀ ဖြစ်သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့်အမြင့်ဆုံး ကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် မတ်တွင် ၁၄၆၇-၁၆၇၃ ဒေါ်လာ၊ ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent