ကစားသမားသစ် ထပ်ခေါ်ဖွယ်မရှိတော့ဟု မန်ယူနည်းပြ ဆိုးလ်ရှား ပြောကြား

ကစားသမားသစ် ထပ်ခေါ်ဖွယ်မရှိတော့ဟု မန်ယူနည်းပြ ဆိုးလ်ရှား ပြောကြား
Photo: Sky Sports
Photo: Sky Sports
Published 26 August 2021

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ကစားသမားသစ် ထပ်ခေါ်ဖွယ်မရှိတော့ကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုနွေရာသီ အပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်းမှ အင်္ဂလန်တောင်ပံကစားသမား ဆန်ချို(ပေါင် ၇၃ သန်း)၊ ရီးယဲလ်အသင်းမှ ပြင်သစ်နောက်ခံလူ ဗာရန်း (ပေါင် ၃၄ သန်း)နှင့် အက်စတွန်ဗီလာနှင့်လမ်းခွဲခဲ့သည့် အင်္ဂလန်ဂိုးသမား ဟီတန်ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူထားသည်။

ဆိုးလ်ရှားက ''ကစားသမားသစ် ထပ်ရောက်လာမယ်လို့ ကျွန်တော် မထင်ပါဘူး။ တကယ်လို့ ကစားသမားသစ်တွေ ထပ်ရောက်လာမယ်ဆိုရင်တော့ အပိုဆုပေါ့။ ဘာလို့လဲဆိုတော့ ဘောလုံးက မှန်းဆလို့မရပါဘူး။ ဒါပေမဲ့ ဒီနွေရာသီမှာ ကျွန်တော်လုပ်ခဲ့တဲ့ အပြောင်းအရွှေ့အတွက် အားရပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent