SOLIA ကေပေါ့အဖွဲ့က ပွဲဦးထွက်ပြီး ငါးရက်အကြာတွင် အဖွဲ့ကို ဖျက်သိမ်းကြောင်း ကြေညာ

SOLIA ကေပေါ့အဖွဲ့က ပွဲဦးထွက်ပြီး ငါးရက်အကြာတွင် အဖွဲ့ကို ဖျက်သိမ်းကြောင်း ကြေညာ
Published 25 August 2021

မိန်းကလေးကေပေါ့အဖွဲ့သစ် SOLIA သည် အဖွဲ့စတင်ပွဲဦးထွက်ပြီးနောက် ငါးရက်အကြာ၌ပင် အဖွဲ့ဖျက်သိမ်းကြောင်း ကြေညာထားသည်။

မိန်းကလေးအဖွဲ့ဝင် ငါးဦးဖြင့် ဖွဲ့စည်းခဲ့သည့် SOLIA သည် သြဂုတ် ၁၇ ရက်ကမှ DREAM အမည်ဖြင့် ပွဲဦးထွက်အယ်လ်ဘမ် ထွက်ရှိထားပြီး ဇွန် ၁၆ ရက်တွင် အင်စတာ ဂရမ်အကောင့်ဖွင့်ကာ အဖွဲ့ပရိုမိုးရှင်းများ ပြုလုပ်ခဲ့သော်လည်း ပွဲဦးထွက်ပြီးနောက် ငါးရက်သာ တရားဝင် Active ဖြစ်ခဲ့သည်။

သြဂုတ် ၂၂ ရက်တွင် ၎င်းအဖွဲ့၏အေဂျင်စီ Space Music Entertainment က အခြေအနေအရပ်ရပ်ကြောင့် ကုမ္ပဏီက SOLIA အဖွဲ့ကို ဆက်မလည်ပတ်နိုင်တော့ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီနှင့်တိုင်ပင်ကာ အဖွဲ့လှုပ်ရှားမှုများကို အဆုံးသတ်လိုက်ရပြီ ဖြစ်ကြောင်း၊  အချိန်တိုအတွင်း အားပေးခဲ့သည့်ပရိသတ်များကို ကျေးဇူးလည်းတင် တောင်းလည်း တောင်းပန်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် အဖွဲ့ဝင်များ၏ တစ်ကိုယ်တော် လှုပ်ရှားမှုများကို စိတ်ဝင်စားပါက သူတို့ တစ်ဦးချင်းစီ၏ အင်စတာဂရမ်အကောင့်များကို Follow လုပ်ထားနိုင်သည်ဟုလည်း ပြောဆိုထားသည်။

Most Read

Most Recent