အာတီတာ၏အနာဂတ်အတွက် အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ငါးပွဲအထိ စောင့်ကြည့်သွားမည်

အာတီတာ၏အနာဂတ်အတွက် အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ငါးပွဲအထိ စောင့်ကြည့်သွားမည်
Photo: Getty Images
Photo: Getty Images
Published 25 August 2021

 

အာဆင်နယ်အသင်းသည် လာမည့် ပရီးမီးယားလိဂ် ငါးပွဲ၏ရလဒ်အပေါ် မူတည်ပြီး နည်းပြ အာတီတာ၏အနာဂတ်ကို ဆုံး ဖြတ်သွားမည်ဟု  Telegraph သတင်းစာက ဖော်ပြခဲ့သည်။ 

အစောပိုင်းတွင် လာမည့် မန်စီးတီးအသင်းနှင့်ပွဲ၌ ရလဒ်မကောင်းခဲ့လျှင် အာတီတာကို ရာထူးမှ ထုတ်ပယ်တော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ရာသီအစပွဲကျပ်များကြောင့် အချိန်ပိုပေးသွားဖွယ်ရှိသည်။

အာဆင်နယ်အသင်းသည် အောက်တိုဘာလ နိုင်ငံတကာရက်သတ္တပတ်မတိုင်မီအထိ ပရီးမီးယားလိဂ် ငါးပွဲကစားရန် ရှိနေပြီး သြဂုတ် ၂၈ တွင် မန်စီးတီး၊ စက်တင်ဘာ ၁၁ တွင် နောဝစ်ချ်၊ စက်တင်ဘာ ၁၈ တွင် ဘန်လေ၊ စက်တင်ဘာ ၂၆ တွင် စပါး၊ အောက်တိုဘာ ၂ တွင် ဘရိုက်တန်အသင်း များနှင့် ကစားရမည်ဖြစ်သည်။ 

အာဆင်နယ် အသင်းပရိသတ်အချို့သည် ချယ်လ်ဆီးနှင့် ပွဲအပြီး ကွင်းထဲမှထွက်လာသည့် အာတီတာ၏ကားကို ၀ိုင်းဝန်းတားဆီးကာ ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ သို့ သော် အာဆင်နယ်အသင်းဘုတ်အဖွဲ့ကမူ အာတီတာကို ဆက်လက်ထောက်ခံနေဆဲ ဖြစ်ကြောင်း သိရသည်။  

မီဒီယာအချို့ကလည်း အာဆင်နယ်အသင်းသည် အာတီတာကို ထုတ်ပယ်၍ အာစင်ဝင်းဂါးကို ယာယီအခိုက်အတန့်အဖြစ် ပြန်လည်ခန့်အပ်ဖွယ်ရှိကြောင်းလည်း ဖော်ပြခဲ့ကြသည်။ 

 

Most Read

Most Recent