Kim Ji Eun ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်ရ

Kim Ji Eun ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်ရ
Photo:Soompi
Photo:Soompi
Published 24 August 2021
Ref : Soompi

တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး Kim Ji Eun သည်  မကြာသေးမီက COVID-19 ကူးစက်ခံလိုက်ရသည့်အတွက် ကုသရေးစင်တာတွင် တက်ရောက်ကုသလျက်ရှိသည်။ ထိုသတင်းကို သူမ၏အေဂျင်စီ HB Entertainment က အတည်ပြုထားသည်။

သြဂုတ် ၁၁ ရက်က ဒရာမာရုပ်ရှင်ကား တစ်ကား ရိုက်ကူးမှုပြီးဆုံးသွားပြီးနောက် Kim Ji Eun သည် စားသောက်ပွဲတစ်ပွဲသို့ တက်ရောက်ရင်း ကိုဗစ်အတည်ပြုလူနာတစ်ဦးနှင့် ထိတွေ့ခဲ့မိသည်။

ထို့နောက် ဗိုင်းရပ်စ်စစ်ဆေးမှုပြုလုပ်ခဲ့ရာ သြဂုတ် ၁၇ ရက်တွင် အဖြေ Negative သာပြခဲ့သည်။ သို့သော် ကပ်ရောဂါထိန်းချုပ်ရေးစည်းမျဉ်းများနှင့်အညီ သူမက Self-quarantine ဝင်လိုက်သည်။

သို့သော် ရောဂါလက္ခဏာများ ခံစားလာရသည့်အတွက် ထပ်မံစစ်ဆေးလိုက်ရာ အဖြေ Positive ဖြစ်ခဲ့သည်။ Kim Ji Eun သည် မင်းသား Namgoong Min နှင့်တွဲဖက်ကာ MBC ဒရာမာအက်ရှင်ဇာတ်လမ်းတွဲ The Veil တွင် ပါဝင်သရုပ်ဆောင်ထားကာ ထိုဇာတ်လမ်းတွဲကို စက်တင်ဘာတွင် စတင်ပြသမည်ဖြစ်သည်။

Most Read

Most Recent