ကွန်ပနီနှင့် ဒေးဗစ်ဆေးလ်ဗားတို့၏ ပုံတူရုပ်တုများကို အာဆင်နယ်နှင့်ကစားမည့်ပွဲမတိုင်မီ အီတီဟတ်ကွင်းအတွင်း မန်စီးတီးအသင်း ဖွင့်လှစ်မည်

ကွန်ပနီနှင့် ဒေးဗစ်ဆေးလ်ဗားတို့၏ ပုံတူရုပ်တုများကို အာဆင်နယ်နှင့်ကစားမည့်ပွဲမတိုင်မီ အီတီဟတ်ကွင်းအတွင်း မန်စီးတီးအသင်း ဖွင့်လှစ်မည်
Photo: Goal
Photo: Goal
Published 23 August 2021

မန်စီးတီးအသင်းသည် ရှေ့လာမည့်တစ်ပတ် သြဂုတ်(၂၈)ရက်နေ့တွင် ကစားမည့် မန်စီးတီး - အာဆင်နယ် ပရီးမီးယားလိဂ်ပွဲမတိုင်မီ အသင်းမှ ကစားသမားဟောင်း (၂)ဦး၏ ပုံတူရုပ်တုများကို ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မန်စီးတီးအသင်းသည် အသင်းတွင် ၂၀၀၈ မှ ၂၀၁၉ အထိ (၁၁)နှစ်ကြာကစားခဲ့သည့် ဘယ်လ်ဂျီယံ နောက်ခံလူ ကွန်ပနီနှင့် ၂၀၁၀ မှ ၂၀၂၀ အထိ (၁၀)နှစ်ကြာကစားခဲ့သည့် စပိန်ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားတို့၏ ပုံတူရုပ်တုများကို အီတီဟတ်ကွင်းအတွင်း ထားရှိရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့(၂)ဦးသည် မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလား(၄)လုံး အပါအဝင် အောင်မြင်မှုများစွာရရှိစေရန် အဓိကစွမ်းဆောင်ပေးခဲ့သည့် ကစားသမားများ ဖြစ်ကြသည်။

မန်စီးတီးအသင်းသည် အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့သော တိုက်စစ်မှူးဟောင်း အဂွဲရိုး၏ပုံတူရုပ်တုကိုလည်း ထုလုပ်လျက်ရှိပြီး မကြာမီဖွင့်လှစ်ထားရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မန်စီးတီးအသင်းခေါင်းဆောင်အဖြစ်ကစားခဲ့သော ကွန်ပနီသည် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၃၆၀)ပွဲကစားကာ (၂၀)ဂိုးသွင်းယူပေးခဲ့ပြီး၊ ဒေးဗစ်ဆေးလ်ဗားမှာ ပြိုင်ပွဲစုံ (၄၃၆)ပွဲကစားကာ (၇၇)ဂိုးသွင်းယူပေးခဲ့သည်။

Most Read

Most Recent