■ အာရှခြေစစ်ပွဲမတိုင်မီ မြန်မာအမျိုးသမီးအသင်း ပြည်ပခြေစမ်းပွဲကစားနိုင်ရန် ကြိုးပမ်းနေသော်လည်း အဆင်မပြေသေး

■ အာရှခြေစစ်ပွဲမတိုင်မီ မြန်မာအမျိုးသမီးအသင်း ပြည်ပခြေစမ်းပွဲကစားနိုင်ရန် ကြိုးပမ်းနေသော်လည်း အဆင်မပြေသေး
Photos : MFF
Photos : MFF
Published 23 August 2021

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အာရှဖလားခြေစစ်ပွဲမတိုင်မီ ပြည်ပခြေစမ်းပွဲကစားနိုင်ရန် ကြိုးပမ်းနေသော်လည်း အဆင်မပြေသေးကြောင်း သိရသည်။

မြန်မာအမျိုးသမီးအသင်းသည် စက်တင်ဘာတွင်ယှဉ်ပြိုင်ရမည့် အာရှဖလား အမျိုးသမီးခြေစစ်ပွဲအတွက် ပဏာမကစားသမား ၃၀ ဖြင့် ဇူလိုင်လမှစတင်ကာ စခန်းဝင်လေ့ကျင့်လျက်ရှိပြီး နိုင်ငံတကာပွဲများနှင့် တစ်နှစ်ခွဲကျော် အဆက်ပြတ်နေသဖြင့် ခြေစစ်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲကစားခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)သည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ခြေစမ်းပွဲကစားခွင့်ရရန် ကြိုးပမ်းလျက်ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလဖြစ်သောကြောင့် နိုင်ငံတကာခြေစမ်းပွဲများကစားခွင့်ရရန် အခက်အခဲရှိနေခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ယခင်က နိုင်ငံတကာပြိုင်ပွဲများ မယှဉ်ပြိုင်မီ ဂျပန်၊ တရုတ်စသည့် အင်အားကြီးနိုင်ငံများတွင် သွားရောက်လေ့ကျင့်ပြီး ခြေစမ်းပွဲများ ကစားလေ့ရှိသော်လည်း လက်ရှိအခြေအနေအရ အဆင်မပြေသေးကြောင်း သိရသည်။

မြန်မာအမျိုးသမီးအသင်း ယှဉ်ပြိုင်ရမည့် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စု (D) ပွဲစဉ်များကို စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၌ ကျင်းပမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် လက်ဘနွန်နိုင်ငံသို့ ကြိုတင်သွားရောက်မည်မဟုတ်ဘဲ အခြားနိုင်ငံတစ်နိုင်ငံတွင် ခြေစမ်းပွဲကစားခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ယခုနှစ်လယ်ပိုင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲလက်ကျန်ပွဲများ ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားလက်ရွေးစင်အသင်းမှာလည်း ကပ်ရောဂါကြောင့် ပြည်ပခြေစမ်းပွဲ ကစားခွင့်မရခဲ့ကြောင်း သိရသည်။

Most Read

Most Recent