■ နိုင်ငံတကာရက်သတ္တပတ်ပြီးမှ အီဘရာဟီမိုဗစ် ပြန်ကစားနိုင်မည်

■ နိုင်ငံတကာရက်သတ္တပတ်ပြီးမှ အီဘရာဟီမိုဗစ် ပြန်ကစားနိုင်မည်
Published 23 August 2021

အေစီမီလန်အသင်း၏ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ဒူးဒဏ်ရာ သက်သာပျောက်ကင်းခြင်း မရှိသေးသည့်အတွက် နိုင်ငံတကာပွဲများပြီးမှ ပြန်ကစားနိုင်မည်ဖြစ်ကြောင်း နည်းပြ ပီအိုလီက ပြောကြားခဲ့သည်။

လာမည့်အောက်တိုဘာလတွင် အသက်(၄၀)ပြည့်မည့် အီဘရာဟီမိုဗစ်သည် ပြီးခဲ့သည့်ဘောလုံးရာသီ ပြီးဆုံးခါနီးတွင် ဘယ်ဘက်ဒူး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယင်းဒဏ်ရာမှာ ပြန်လည်သက်သာလာပြီဖြစ်သော်လည်း စက်တင်ဘာလ ကမ္ဘာ့ဖလားခြေစစ်ပွဲများပြီးမှသာ ပြန်ကစားနိုင်မည်ဟု သိရသည်။

ပီအိုလီက ''သူ့ရဲ့ ရုပ်ပိုုင်းဆိုင်ရာအခြေအနေက ပိုကောင်းလာပါတယ်။ အသင်း နဲ့ ပြန်မပူးပေါင်းသေးပေမဲ့ လာမယ့်တစ်ပတ်က အလွန်အရေးကြီးပြီး ဘောလုံးနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်သွားရမှာပါ။ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့တယ်ဆိုရင်တော့ နိုင်ငံတကာပွဲရက်သတ္တပတ်မှာ သူ ကျွန်တော်တို့နဲ့ ပြန်လည်ပူးပေါင်းလေ့ကျင့်နိုင်မယ်လို့ မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။

အီဘရာဟီမိုဗစ်သည် ယင်းဒဏ်ရာကြောင့် ယူရို-၂၀၂၀ ပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရသည်။

၎င်းသည် ပြီးခဲ့သည့်ရာသီက အေစီမီလန်အတွက် ပြိုင်ပွဲစုံ (၂၇)ပွဲကစားပြီး (၁၇)ဂိုး သွင်းယူပေးခဲ့သည်။

Most Read

Most Recent