■ လာလီဂါ ပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက်

■ လာလီဂါ ပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက်
Photos: Sevilla FC
Photos: Sevilla FC
Published 23 August 2021

■ ဂီတာဖေး - ဆီဗီလာ(မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် နံနက် ဝဝး၃၀ နာရီ)

◘ Last Season

07/02/21        LAL    Sevilla    3 - 0    Getafe

12/12/20        LAL    Getafe    0 - 1    Sevilla

နည်းပြအပြောင်းအလဲနဲ့အတူ ဂီတာဖေးရဲ့ အိမ်ကွင်းအစဉ်အလာ တောင့်တင်းပါဦးမလားဆိုတာပဲ စောင့်ကြည့်ရမယ်။ ဆီဗီလာကလည်း အဝေးကွင်းပွဲတွေကို သတိကြီးကြီးထားက စားတတ်တဲ့အသင်းဖြစ်လို့ ဂီတာဖေး မလွယ်လှဘူးထင်တယ်။  ရာသီအဖွင့် ပွဲစဉ် (၁)မှာလည်း ဆီဗီလာ ကောင်းကောင်းကစားနိုင်ခဲ့ပြီး တိုက်စစ်ကစားပုံ ပိုမြိုင်လာတာတွေ့ရတယ်။ ကစားသမားသစ် လာမယ်လာကလည်း သွင်းဂိုးတွေနဲ့ အဖွင့်လှခဲ့တယ်။ အဝေးကွင်းဆိုပေမဲ့ ဆီဗီလာကိုပဲ ဦးစားပေးရွေးချယ်ထားမယ်။ ဂိုးတော့ နည်းမယ်။

■ အိုဆာဆူနာ - ဆယ်လ်တာဗီဂို(မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် နံနက် ၂း၃၀ နာရီ)

◘ Last Season

25/04/21        LAL    Celta Vigo    2 - 1    Osasuna

04/10/20        LAL    Osasuna        2 - 0    Celta Vigo

ပွဲဦးအိမ်ကွင်းမှာ ဘီလ်ဘာအိုကို သရေကစားပြထားတဲ့ ခြေစွမ်းအရတော့ အိုဆာဆူနာဟာ အိမ်ကွင်းအားကို ဆက်ထိန်းထားနိုင်ပုံပါပဲ။ ဒါပေမဲ့ ဆယ်လ်တာဗီဂိုကလည်း တက်ရိပ်ပြနေတဲ့အသင်းပါ။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

Most Read

Most Recent