Fast and Furious ရုပ်ရှင်ဇာတ်ကားသစ် ရုံတင်ပြမည့်ရက်မှာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းဖြစ်ကြောင်း အတည်ပြု

Fast and Furious ရုပ်ရှင်ဇာတ်ကားသစ် ရုံတင်ပြမည့်ရက်မှာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းဖြစ်ကြောင်း အတည်ပြု
Photo: Gizmostory
Photo: Gizmostory
Published 22 August 2021
Ref: Hollywood Reporter

အဝေးကြီး သွားနေသည့်ကားများ၊ သူလျှိုများဖြင့် ဇာတ်လမ်းဖော်ထားသော Fast and Furious ရုပ်ရှင်ဇာတ်ကားသစ်အား စတင်၍ ရုံတင်ပြမည့်ရက်မှာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ဒသမမြောက်နှင့် ဧကဒသမ မြောက် Fast and Furious ရုပ်ရှင်ကားများကို Justin Lin က ဒါရိုက်တာအဖြစ် ရိုက်ကူးမည်ဖြစ်ပြီး ယင်းတို့သည် ပင်မရုပ်ရှင်များအပေါ် ကောက်ချက်ချမှု ဖြစ်လာမည်လည်း ဖြစ်သည်။

Justin Lin သည် ၂၀၀၆ ခုနှစ်တွင် ရိုက်ကူးသည့် The Fast and the Furious: Tokyo Drift မှ စတင်ကာ Fast စီးရီး ရုပ်ရှင်ကားပေါင်း ငါးကားရိုက်ကူးခဲ့ပြီး ဖြစ်သည်။

Vin Diesel နှင့်အတူ Fast စီးရီး ရုပ်ရှင်ကားများတွင် ပါဝင်နေ ကျဖြစ်သော Sung Kang၊ Chris Ludacris Bridges ၊ Jordana Brewster ၊ Tyrese Gibson ၊ Nathalie Emmanuel နှင့် Michelle Rodriguez တို့အားလုံး ပြန်လည်ပါဝင်လာလိမ့်မည်ဟု မျှော်လင့်ရသည်။

နဝမြောက် ဇာတ်ကား F9 တွင် ဇာတ်လမ်းအပြီး ပြသသော မြင်ကွင်းများအရ Jason Statham ၏ ဇာတ်ကောင်စရိုက်များ တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်လည်ပါဝင်လာဖွယ် ရှိနေသည်။

၂၀၀၁ ခုနှစ်တွင် စတင်ခဲ့သည့် Fast and Furious ဇာတ်ကားတွဲသည် တစ်ကမ္ဘာလုံး၌ ဝင်ငွေဒေါ်လာ ၆ ဒသမ ၃ ဘီလျံ ရရှိထားသည်။

Most Read

Most Recent