■ အာဆင်နယ်နည်းပြရာထူးမှ ထုတ်ခံရဖွယ်ရှိနေသည့် အာတီတာ၏အလေးပေးချက် ပိုမိုမြင့်တက်လာ

■ အာဆင်နယ်နည်းပြရာထူးမှ ထုတ်ခံရဖွယ်ရှိနေသည့် အာတီတာ၏အလေးပေးချက် ပိုမိုမြင့်တက်လာ
Published 19 August 2021

၂၀၂၁-၂၂ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အသင်းနှင့် ပထမဆုံးလမ်းခွဲရမည့် နည်းပြရေပန်းစားမှုတွင် အာဆင်နယ်အသင်းနှင့်လမ်းခွဲရရန် နီးစပ်နေသည့် စပိန်လူမျိုးနည်းပြ အာတီတာမှာ အလေးပေးချက် ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။

အာတီတာသည် ယခုရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် တန်းတက် ဘရန့်ဖို့ဒ်အသင်းအား (၀-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် ပွဲပြီးကတည်းက ရေပန်းစားမှု၌ ထိပ်ဆုံးသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယင်းပွဲအပြီးတွင် လောင်းကစားကုမ္ပဏီ Betfair မှထုတ်ပြန်သည့် အလေးပေးချက်၌ အာတီတာသည် ရး၂ လေးဖြင့် နံပါတ်တစ်နေရာတွင် ရှိခဲ့ပြီး ယခုအခါ ၁း၁ လေးအထိ မြင့်တက်လာခဲ့သည်။

အာဆင်နယ်အသင်းသည် လာမည့်ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ပွဲတွင် ချယ်လ်ဆီး (အိမ်ကွင်း)၊ မန်စီးတီး (အဝေးကွင်း) တို့နှင့် ဆက်တိုက်ကစားရမည်ဖြစ်သောကြောင့် ရေပန်းစားမှုမှာ ပိုမိုမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများက သုံးသပ်ဖော်ပြခဲ့သည်။

အာတီတာ (၃၉ နှစ်) သည် ၂၀၁၉ ဒီဇင်ဘာလ ၂၂ ရက်တွင် ၂၀၂၃ ခုနှစ်အထိသက်တမ်းရှိသည့် စာချုပ်တစ်ရပ်ဖြင့် ရာထူးမှထုတ်ပယ်ခံရသည့် အူနိုင်းအမ်မရီ၏နေရာတွင် အစားထိုးတာဝန်ယူခဲ့ခြင်းဖြစ်သည်။

အာတီတာသည် အစောပိုင်းတွင် FA ဖလားနှင့် ကွန်မြူနတီဒိုင်း ကို အသင်းအတွက် ရယူပေးခဲ့သည်။  

သို့သော် နှစ်ရာသီဆက်တိုက် အဆင့်ရှစ်နေရာသာရရှိခဲ့ပြီး ပြီးခဲ့သည့်ရာသီတွင် ၁၉၉၄-၉၅ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့်နှင့် လွဲချော်ခဲ့ရသည်။

■ ပရီးမီးယားလိဂ်မှ ပထမဆုံးထုတ်ပယ်ခံရနိုင်သည့်နည်းပြ ရေပန်းစားမှု

        အမည်            အလေးပေးချက်

အာတီတာ(အာဆင်နယ်)        ၁း၁ လေး

ဟာဆန်ဟူတယ်လ်(ဆောက်သမ်တန်)    ရး၁ လေး

ဗီယာရာ(ခရစ္စတယ်ပဲလေ့စ်)        ၉း၁ လေး

ဆစ္စကို(ဝက်ဖို့ဒ်)            ၁၂း၁ လေး

ရှောင်ဒိုက်(ဘန်လေ)            ၁၂း၁ လေး

စတိဗ်ဘရုစ်(နယူးကာဆယ်)        ၁၂း၁ လေး

Most Read

Most Recent