PSG ရဲ့ ဒီရာသီအပြောင်းအရွှေ့စျေးကွက် အတွင်း လှုပ်ရှားမှုတွေက FFP စည်းမျဉ်းတွေနဲ့ မငြိိနိုင်ဘူးလားဆိုတာ အခုချိန်မှာတော့ အားလုံး က စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ အရာတစ်ခု လိုဖြစ်နေတာလည်းအမှန်ပဲ။ PSG အသင်းခေါ် ယူထားတဲ့ ကစားသမားတွေ၊ ဒီကစားသမားတွေ အတွက် သုံးစွဲထားရတဲ့လစာတွေအရ စောင့် ကြည့်ချင်စရာဖြစ်လာတာလည်း မငြင်းနိုင်စရာလို ဖြစ်နေတယ်။ PSG ဟာ မက်ဆီကိုမခေါ်ယူမီ က စားသမား (၅)ဦးအထိ ခေါ်ထားတယ်။ အဲဒီ(၅)ဦး မှာ ရာမို့စ်၊ ဒွန်နာရမ်မာ၊ ၀ိုင်နယ်လ်ဒမ်းတို့(၃)ဦး ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ထားတာဖြစ်ပြီး ဟာကီမီနဲ့ ပယ်ရဲရားတို့ နှစ်ဦးအတွက်ကတော့ ပြောင်းရွှေ့ကြေး ယူရို(၇၆)သန်းအထိ သုံးထားရတယ်။ ဟာကီမီကို အင်တာမီလန်က ယူရို သန်း (၆၀)၊ ပယ်ရဲရားကို ပေါ်တိုက ယူရို (၁၇)သန်းသုံး ကာ ခေါ်ထားခဲ့ရတာဖြစ်တယ်။ ဒါက ကစားသမား အဝင်အတွက် သုံးစွဲထားမှုပါ။ အသင်းက ကစား သမားအထွက်အတွက် PSG အသင်း ပြန်ရထား တာ ယူရို (၉)သန်းသာရှိသေးတယ်။ ဘက်ကာကို လေဗာကူဆင်အသင်းဆီ ယူရို(၇) သန်း၊ ဂိုးသမား အာရီယိုလာကို ဝက်စ်ဟမ်းအသင်းဆီ ယူရို (၂)သန်းနဲ့ အငှားချထားတာကနေ ပြန်ရထားတဲ့ ဝင် ငွေပဲဖြစ်တယ်။ ဒါကြောင့် PSG အသင်းရဲ့ ကစား သမားအဝင်အထွက်စာရင်းမှာ ယူရို (၆၇)သန်း လောက် အိတ်စိုက်ထားရတယ်။ အနုတ်ပြနေ သေးတယ်။ ဒါဟာ ကစားသမားအဝင်အထွက်မှာ ငွေကြေးမျှတမှုရှိအောင် PSG အသင်းဘက်က အရင်ချိန်ညှိဖို့လိုနေတဲ့ အနေအထားမျိုးပဲဖြစ် တယ်။
မက်ဆီ + PSG နောက်ဆက်တွဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
22 hours ago















