■ လာလီဂါပွဲစဉ်-၁ ပွဲကြိုသုံးသပ်ချက်

■ လာလီဂါပွဲစဉ်-၁ ပွဲကြိုသုံးသပ်ချက်
Photos : Teams' Facebook
Photos : Teams' Facebook
Published 16 August 2021

ဗီလာရီးယဲလ် - ဂရန်နာဒါ (မြန်မာစံတော်ချိန် သြဂုတ်လ ၁၇ ရက် နံနက် ဝဝး၃၀ နာရီ)

ဥရောပစူပါဖလားပွဲကအပြန် ဗီလာရီးယဲလ်ရဲ့ လာလီဂါအဖွင့်ပွဲအတွက် ခြေစွမ်းက မှန်းရမလွယ်ဘူး။ ဂရန်နာဒါကလည်း နည်းပြသစ် မော်ရီနိုရဲ့အဖွင့်ပွဲပီပီ ရလဒ်ကောင်းဖို့ကြိုးစားမှာ သေချာတယ်။ ဒါပေမဲ့ အိမ်ကွင်းအားသာချက်ရှိနေတဲ့ ဗီလာရီးယဲလ်နဲ့ ဂိုးအများကို ရွေးကြည့်ထားချင်တယ်။

အယ်လ်ချီ - ဘီလ်ဘာအို (မြန်မာစံတော်ချိန် သြဂုတ်လ ၁၇ ရက် နံနက် ၀၂း၃၀ နာရီ)

ဘီလ်ဘာအိုကတော့ နည်းပြ မာဆယ်လီနိုနဲ့ ပိုအသားကျနေလောက်ပြီ။ အယ်လ်ချီ အိမ်ကွင်းအားကောင်းပေမဲ့ အဝေးကွင်းမှာ ခံစစ်အားပြုကစားတတ်တဲ့ ဘီလ်ဘာအိုကို ယှဉ်ဖို့ခက်နိုင်တယ်။ ဘီလ်ဘာအို အနည်းဆုံးသရေရနိုင်ပြီး ဂိုးနည်းမယ်။