PSG တိုက်စစ်မှူး ဘာပေကို ယခုနွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့တွင် ခေါ်ယူရန် ရီးယဲလ်အသင်း စီစဉ်နေဟု စပိန်အားကစားသတင်းစာ AS ဖော်ပြ

PSG တိုက်စစ်မှူး ဘာပေကို ယခုနွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့တွင် ခေါ်ယူရန် ရီးယဲလ်အသင်း စီစဉ်နေဟု စပိန်အားကစားသတင်းစာ AS ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 15 August 2021

 

ရီးယဲလ်မက်ဒရစ်အသင်းသည် PSG တိုက်စစ်မှူး ဘာပေကို ယခုနွေရာသီအပြောင်းအရွှေ့ စျေးကွက် နောက်ဆုံးနေ့တွင် ခေါ်ယူရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။ 

PSG အသင်းသည် ဘာစီလိုနာအသင်းနှင့် လမ်းခွဲခဲ့သည့် မက်ဆီကို တစ်နှစ်လစာ(အခွန်ဆောင် ပြီး) ပေါင်(၂၅)သန်းပေးချေကာ ခေါ်ယူခဲ့ပြီးနောက် UEFA ၏ ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း(FFP) နှင့် ကိုက်ညီရန်အတွက် အသင်းကစားသမား (၁၀)ဦးခန့်အထိ ရောင်းထုတ်ရန်စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ 

အသက် (၂၂)နှစ် အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် PSG အသင်းနှင့် ၂၀၂၂ ဇွန်လ (၃၀)ရက်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်း၏ စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုကို ငြင်းဆန်ထားကြောင်း သိရှိရသည်။ PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကမူ ဘာပေအနေဖြင့် ၂၀၂၁-၂၂ ရာသီ တွင် PSG အသင်း၌သာ ဆက်ရှိနေမည်ဖြစ်ကြောင်း အတိအလင်းပြောကြားထားသည်။ 

သို့သော် ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က အပြောင်းအရွှေ့နောက်ဆုံးနေ့တွင် ကစားသမား ခေါ်ယူရာ၌ နာမည်ကြီးသူဖြစ်ပြီး ၎င်းလက်ထက် တွင် ရော်နယ်လ်ဒို(ဘရာဇီးလ်၊ ၂၀၀၂)၊ ရာမို့စ် (၂၀၀၅)၊ မိုဒရစ် (၂၀၁၂)နှင့် ဂါရတ်ဘေးလ်(၂၀၁၃) တို့ကို အပြောင်းအရွှေ့နောက်ဆုံးရက်များတွင် ခေါ်ယူခဲ့ဖူးသည်။ 

ထို့ပြင် ရီးယဲလ်အသင်းသည် ယ ခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အလာဘာ တစ်ဦးတည်းသာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူထားပြီး နွေရာသီအပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့တွင် ဘာပေကို အရခေါ်ယူဖွယ်ရှိ သည်ဟု AS က ဖော်ပြခဲ့သည်။ 

Most Read

Most Recent