စပိန်လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 15 August 2021

ဆယ်လ်တာဗီဂို - အက်သလက်တီကို (တနင်္ဂနွေည ၁ဝးဝ၀ နာရီ)

လက်ရှိချန်ပီယံ အက်သလက်တီကိုအနေနဲ့ အဖွင့်ပွဲကို အဝေးကွင်းမှာ ပွဲကျပ်နွှဲရဖို့ များနေတယ်။ ဆယ်လ်တာက အိမ် ကွင်းအားကောင်းတဲ့ အသင်းမျိုးဖြစ်သလို၊ ပြီးခဲ့တဲ့ ရာသီသိမ်း ချိန်လောက်ကစပြီး ငြိမ်လာတာတွေ့ရပြီး အဲဒီအနေအထားကို ရာသီ

သစ်မှာ ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားလာမှာသေချာတယ်။  ဒီနှစ်သင်း နောက်ဆုံးတွေ့ထားတဲ့ (၅)ကြိမ်မှာ ဆယ်လ်တာက (၃)ကြိမ် သရေရအောင် ခံကစားနိုင်တဲ့အပြင် လက်ရှိခြေစွမ်းပွဲ တွေ ကစားနေပုံအရ အက်သလက်တီကိုရဲ့ကစားပုံက ပြင်ဆင် ေ

နဆဲအဆင့်မှာ လိုအပ်ချက်တွေ ပိုရှိနေပုံပေါ်တယ်။ ဆယ်လ် တာက အိမ်ကွင်းဆိုရင် ခပ်မာမာ၊ ခပ်ရဲရဲနဲ့ ရင်ဆိုင်တတ်တဲ့အ သင်းဖြစ်လို့ အက်သလက်တီကိုရဲ့ သွေးမပူနိုင်သေးတဲ့ ကစားပုံ နဲ့ဆို ဆယ်လ်တာကို မနည်းထိန်းသိမ်းရမယ်ထင်တယ်။ အက်

သလက်တီကိုအနေနဲ့ ခံစစ်ပိုင်းကို သေချာမပြင်ဆင်နိုင်ရင် ဒီပွဲ မှာ အခက်တွေ့နိုင်တယ်။ ဆယ်လ်တာနဲ့ ဂိုးအနည်းပဲ ကောင်း မယ့်ပွဲလိုဖြစ်နေတယ်။ 

ဘာစီလိုနာ - ဆိုစီဒက် (တနင်္လာနံနက် ဝဝး၃၀ နာရီ)

ဘာစီလိုနာရဲ့ ရာသီအစအနေအထားက မှန်းဆရခက် နေသေးတယ်။ ကစားသမားသစ်တွေရဲ့ အမည်စာရင်း သွင်း ဖို့တောင် ခက်ခဲနေသေးတဲ့အနေအထားမှာ ဘာစီလိုနာအနေ နဲ့ လာမာစီယာထွက်ကို ဦးစားပေးမလားဆိုတာ စောင့်ကြည့် ရတော့မယ်။ ေ

ခြစမ်းပွဲတွေမှာ မက်ဆီ မပါတော့တဲ့ ဘာစီလိုနာ အသင်းကို မြင်တွေ့ခွင့်ရထားပေမဲ့ ပြိုင်ပွဲပွဲဦးလည်းဖြစ်၊ ကစား ရမယ့်အသင်းကလည်း ပြီးခဲ့တဲ့ရာသီက အဆင့် (၅)နေရာရ ထားတဲ့ ဆိုစီဒက်ဆိုတော့ ဘာစီလိုနာအတွက် ခက်ခဲမယ့်ပွဲ မျိုးပါပဲ။ ဆိုစီဒက်က

ပြီးခဲ့တဲ့ရာသီနဲ့ သိပ်အပြောင်းအလဲမရှိတဲ့ အသင်းဖြစ်သလို၊ ရာသီအစဆိုရင် အရှိန်ကောင်းကောင်းနဲ့ ပွဲထွက်လေ့ရှိလို့ ဘာစီလိုနာကို ဒုက္ခပေးနိုင်တဲ့အသင်းမျိုးဖြစ် တယ်။ အစဉ်အလာအရ ဘာစီလိုနာ အသာရလေ့ရှိပေမဲ့ မက် ဆီ မရှိတော့တဲ့အနေအ

ထားမှာ ဘာစီလိုနာကို အရင်လို သိပ် အထင်မကြီးရဲတော့ဘူး။ သရေပွဲဖြစ်ဖို့ များနေပြီး အိမ်ရှင် ဘာစီလိုနာ နိုင်ရင်တောင် ပွတ်ကာသီကာအနိုင်မျိုးပဲ ဖြစ်နိုင် တယ်။ 

ဆီဗီလာ - ဗယ်လက်ကာနို (တနင်္လာနံနက် ၂း၄၅ နာရီ)

တန်းတက် (၃)သင်းထဲမှာ ဗယ်လက်ကာနိုကတော့ အ ဖွင့်ပွဲကို ဆီဗီလာလိုအသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမှာ ကံ ဆိုးတယ်လို့ပဲ ပြောရမယ်။ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ အဆင့် (၄)ရခဲ့တဲ့ ဆီဗီလာအနေနဲ့ အိမ်ကွင်းမှာကစားမယ့် အဖွင့်ပွဲမှာ မျက်နှာ

ပျက်ခံမှာ မဟုတ်ဘူး။ ကစားသမားအင်အားချင်းပဲ ကြည့်ကြည့်၊ ခြေစွမ်းပိုင်းပဲယှဉ်ယှဉ် အတော်လေး ကွာခြားပါ တယ်။ ဆီဗီလာအနေနဲ့ အိမ်ကွင်းအဖွင့်ပွဲကို အနိုင်နဲ့ စဖွင့်ဖို့ ကြိုးစားလာမှာ သေချာတယ်။ ဆီဗီလာနဲ့ ဂိုးအနည်းကိုပဲ ရွေး ထားလိုက်တယ်။ 

Most Read

Most Recent