ကွင်းတိုးချဲ့တည်ဆောက်ရန် လက်စတာအသင်း စီစဉ်     

ကွင်းတိုးချဲ့တည်ဆောက်ရန် လက်စတာအသင်း စီစဉ်     
Photo: Getty Images
Photo: Getty Images
Published 13 August 2021

လက်စတာအသင်းသည် King Power ကွင်းကို ပရိသတ်(၄၀၀၀၀)ဝင်ဆံ့သည့်ကွင်းအဖြစ် တိုးချဲ့တည်ဆောက်ရန်စီစဉ်နေကြောင်း သိရသည်။ 

လက်ရှိကွင်းမှာ ပရိသတ်(၃၂၀၀၀) ကျော်ဝင်ဆံ့ပြီး အရှေ့ဘက်ပွဲကြည့်စင်၌ ထိုင်ခုံအရေအတွက်(၈၀၀၀) ထပ်မံထည့်သွင်းတည် ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။ 

ထို့ပြင် ကွင်းနံဘေး၌ ဟိုတယ်အခန်း (၂၂၀)ပါဝင်သည့် အဆောက်အဦသစ် ဆောက်လုပ်သွားရန်လည်း စီစဉ်ထားသည်။ 

လက်စတာအသင်းက ယခုစီမံကိန်းသည် လူ(၁၀၀၀)အတွက် အလုပ်အကိုင်သစ် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Most Read

Most Recent