ဟာရီကိန်းကို ခေါ်ယူရန် မန်စီးတီးအသင်း လက်မလျှော့သေးဘဲ ပေါင်သန်း (၁၃၀)ဖြင့် ထပ်မံကမ်းလှမ်းရန် ပြင်ဆင်နေ

ဟာရီကိန်းကို ခေါ်ယူရန် မန်စီးတီးအသင်း လက်မလျှော့သေးဘဲ ပေါင်သန်း (၁၃၀)ဖြင့် ထပ်မံကမ်းလှမ်းရန် ပြင်ဆင်နေ
Photo: Getty Images
Photo: Getty Images
Published 13 August 2021

မန်စီးတီးအသင်းသည် စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူရန် ကြိုးပမ်းမှုအား လက်မလျှော့သေးဘဲ ပေါင်သန်း (၁၃၀)ဖြင့် ထပ်မံကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက Twitter တွင် ရေးသားခဲ့သည်။

    

စပါးအသင်းသည် ဟာရီကိန်းအတွက် မည်သည့်ကမ်းလှမ်းမှုကိုမျှ လက်မခံတော့ဘဲ အသင်းတွင် ဆက်လက်ထိန်းသိမ်းထားရန် ဆန္ဒရှိနေသော်လည်း ကစားသမားကိုယ်တိုင်က အသင်းမှထွက်ခွာရန် တောင်းဆိုထားသည့်အတွက် မန်စီးတီးအသင်းက လက်မလျှော့သေးခြင်းဖြစ်ကြောင်း သိရသည်။ 

သို့သော် စပါးအသင်း၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေပြီး စပါးအသင်းက လက်ခံစဉ်းစားပေးရန် စီစဉ်ခဲ့လျှင် မန်စီးတီးအသင်းက ပေါင်သန်း (၁၃၀)ဖြင့် ထပ်မံကမ်းလှမ်းရန် ပြင်ဆင်ထား ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် Add-ons ကြေးများလည်း ပါဝင်မည်ဖြစ်ပြီး မန်စီးတီးအသင်းအနေ ဖြင့် ပေါင်သန်း (၁၅၀)ဝန်းကျင်အထိ အသုံးပြုသွားရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။ 

စပါးနှင့် မန်စီးတီးသည် ယခုတစ်ပတ်ပရီးမီးယားလိဂ်၌ ဆုံတွေ့မည်ဖြစ်သည်။

Most Read

Most Recent