COVID-19 ရောဂါ အရေးပေါ်ကုသရာတွင် အသုံးပြုရန်အတွက် Remdesivir ကုသဆေး အလုံးပေါင်း သုံးသောင်း အိန္ဒိယနိုင်ငံမှ နေပြည်တော်လေဆိပ်သို့ ရောက်ရှိ

COVID-19 ရောဂါ အရေးပေါ်ကုသရာတွင် အသုံးပြုရန်အတွက် Remdesivir ကုသဆေး အလုံးပေါင်း သုံးသောင်း အိန္ဒိယနိုင်ငံမှ နေပြည်တော်လေဆိပ်သို့ ရောက်ရှိ
Photo-MRTV
Photo-MRTV
Published 20 July 2021

COVID-19 ရောဂါ အရေးပေါ်ကုသရာတွင် အသုံးပြုရန်အတွက် Remdesivir ကုသဆေး အလုံးပေါင်း သုံးသောင်း အိန္ဒိယနိုင်ငံမှ နေပြည်တော်လေဆိပ်သို့ ရောက်ရှိကြောင်း ယနေ့ (ဇူလိုင် ၂၀ ရက်) ညပိုင်း MRTV သတင်းကြေညာချက်အရ သိရသည်။

COVID-19 ကူးစက်မြန်ရောဂါ အရေးပေါ်ကုသရာတွင် အသုံးပြုရန်အတွက် National Strategic Investment Corporation Co.Ltd (NSIC) မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ လှူဒါန်းသည့် Remdesivir ကုသဆေး အလုံးပေါင်း သုံးသောင်းသည် တပ်မတော်လေယာဉ်ဖြင့် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် နေပြည်တော်လေဆိပ်သို့ ယနေ့ (ဇူလိုင် ၂၀ ရက်) ညပိုင်းတွင် ရောက်ရှိကြောင်း သိရသည်။

အဆိုပါ Remdesivir ကုသဆေးများကို နေပြည်တော်လေဆိပ်၌ National Strategic Investment Corporation Co.Ltd မှ အထွေအထွေမန်နေဂျာက လွှဲပြောင်းပေးအပ်ရာ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လက်ခံရယူခဲ့ကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသော ကူးစက်မြန် COVID-19 ရောဂါအား Remdesivir ဆေးဖြင့် ကုသရာတွင် အထိရောက်ဆုံးနှင့် လူသေဆုံးမှုနှုန်းကို လျော့ချနိုင်မှု အရှိဆုံးဖြစ်ကြောင်း၊ အဆိုပါ Remdesivir ကုသဆေးကို အမေရိကန်နိုင်ငံ Gileat Sciences, Inc မှ တီထွင်ထုတ်လုပ်ပြီး အမေရိကန်နှင့် ဥရောပနိုင်ငံများရှိ FDA ထောက်ခံချက်ရရှိခဲ့ကာ COVID-19 ကူးစက်မြန်ရောဂါ ကုသမှုတွင် အသုံးပြုလျက်ရှိကြောင်း ကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် Remdesivir ကုသဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြုရန်အတွက် Gileat Sciences, Inc က ထုတ်လုပ်မှုလိုင်စင်ကို အိန္ဒိယနိုင်ငံ Hetero Labs Limited မှ ဝယ်ယူ၍ Remdesivir ဆေးဝါးကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း၊ Remdesivir ကုသဆေးကို National Strategic Investment Corporation Co.Ltd အနေဖြင့် မြန်မာကျပ်ငွေ သုံးဘီလီယံတန်ဖိုးခန့်ရှိ ဆေးအလုံးပေါင်း သုံးသောင်းအား အိန္ဒိယနိုင်ငံမှ မှာယူ၍ မြန်မာနိုင်ငံပြည်သူများအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှတစ်ဆင့် လှူဒါန်းခြင်းဖြစ်ကြောင်း MRTV သတင်းကြေညာချက်အရ သိရသည်။

Most Read

Most Recent