လီဗာပူးလ်မှ ရှာကီရီအား ခေါ်ယူရန် စီးရီးအေကလပ် လာဇီယိုကမ်းလှမ်း

လီဗာပူးလ်မှ ရှာကီရီအား ခေါ်ယူရန် စီးရီးအေကလပ် လာဇီယိုကမ်းလှမ်း
Photo: Getty Images
Photo: Getty Images
Published 19 July 2021

စီးရီးအေကလပ် လာဇီယိုအသင်းသည် လီဗာပူးလ်အသင်းမှ ဆွစ်ဇာလန်လက်ရွေးစင် ကွင်းလယ်လူ ရှာကီရီကို ခေါ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

အသက်(၂၉)နှစ်အရွယ်ရှိသူ ရှာကီရီကို ခေါ်ယူရန် လာဇီယိုအသင်းက ပြောင်းရွှေ့ကြေး ယူရို(၁၂)သန်း(ပေါင် ၁၀ သန်း)ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှာကီရီသည် ယခုနွေရာသီတွင် လီဗာပူးလ်အသင်းမှ ထွက်ခွာရန် စီစဉ်နေသူတစ်ဦးဖြစ်ပြီး လီဗာပူးလ်အသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေး  ပေါင်(၁၅)သန်း ရရှိလျှင် ရောင်းချမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာများကဖော်ပြကြသည်။

လီဗာပူးလ်အသင်းသည် လာဇီယိုအသင်း၏ ကနဦးကမ်းလှမ်းချက်အား ပယ်ချဖွယ်ရှိနေပြီး လာဇီယိုအသင်းကလည်း ကြေးထပ်မံတိုးမြှုင့်ကမ်းလှမ်းရန် အစီအစဉ်ရှိကြောင်း အီတလီသတင်းစာများက ဖော်ပြကြသည်။ 

Most Read

Most Recent