အတ္တလန်တာယူနိုက်တက်နည်းပြရာထူးမှ ဟိန့်ဇီ ထုတ်ပယ်ခံရ

အတ္တလန်တာယူနိုက်တက်နည်းပြရာထူးမှ ဟိန့်ဇီ ထုတ်ပယ်ခံရ
Photo: ATLUTD
Photo: ATLUTD
Published 19 July 2021

မေဂျာလိဂ်ကလပ် အတ္တလန်တာယူနိုက်တက်အသင်းသည် အာဂျင်တီးနားနည်းပြ ဟိန့်ဇီကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

ဟိန့်ဇီသည် အတ္တလန်တာယူနိုက်တက်အသင်းကို (၈)လသာ တာဝန်ယူခဲ့ရပြီး စုစုပေါင်း(၁၃)ပွဲ၌ (၇)ပွဲသရေ၊ (၄)ပွဲရှုံးနိမ့်ကာ နိုင်ပွဲ(၂)ပွဲသာ ရရှိခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

အတ္တလန်တာယူနိုက်တက်အသင်းက ''ဒါဟာ ကျွန်တော်တို့ လုပ်ဆောင်ချင်တဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ဒါပေမဲ့ အသင်းအတွက် မှန်ကန်တဲ့ အရာတစ်ခုဖြစ်မှာပါ။ ဟိန့်ဇီက အရည်အသွေးရှိတဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး သူ လုပ်ဆောင်ခဲ့တာတွေအတွက် ကျေနပ်ပါတယ်။ အနာဂတ်မှာ အကောင်းဆုံးတွေ ရရှိပါစေလို့လည်း ဆန္ဒပြုပါတယ်''ဟုကြေညာခဲ့သည်။

အတ္တလန်တာယူနိုက်တက်အသင်းကို လက်ထောက်နည်းပြ ဗယ်လန်တီနိုက ယာယီနည်းပြအဖြစ် တာဝန်ယူသွားမည်ဟု သိရသည်။

Most Read

Most Recent