Gentleman အမည်ရှိ ရုပ်ရှင်ဇာတ်ကားသစ်တွင် တွဲဖက်မြင်တွေ့ရမည့် Joo Ji Hoon နှင့် Han So Hee

Gentleman အမည်ရှိ ရုပ်ရှင်ဇာတ်ကားသစ်တွင် တွဲဖက်မြင်တွေ့ရမည့် Joo Ji Hoon နှင့် Han So Hee
Published 18 July 2021

သရုပ်ဆောင် Joo Ji Hoon နှင့် Han So Hee တို့က အသစ်ထွက်ရှိလာမည့် Gentleman ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်ဟု အတည်ပြုထုတ်ပြန်ထားသည်။

Gentleman ဇာတ်ကားသစ်တွင် ပါဝင်ရန် သရုပ်ဆောင် Joo Ji Hoon ကို ကမ်းလှမ်းထားသည်ဟု ယခုလအစောပိုင်းက သတင်းထွက်ရှိလာခဲ့သည်။

ဇူလိုင် ၁၅ ရက်တွင်မူ ယင်းရုပ်ရှင်ကားတွင် ၎င်းတို့နှစ်ဦးကိုတွဲဖက်မြင်တွေ့ရမည့်အကြောင်းကို နှစ်ဦးလုံးက အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။

Gentleman ရုပ်ရှင်ဇာတ်ကားသည် လူသတ်မှုတွင် တရားမျှတမှုရရှိရန် စုံစမ်းစစ်ဆေးနေစဉ် ထောင်ချခံခဲ့ရသည့် ပုဂ္ဂလိကစုံစမ်းထောက်လှမ်းသူ Ji Hyun Soo ၏အကြောင်းကို ရိုက်ကူးထားသော ဇာတ်လမ်းဖြစ်သည်။

သီတင်းတစ်ပတ်အတွင်း ၎င်းအပေါ် စွပ်စွဲထားမှုများကို ဖယ်ရှားနိုင်ရန်အတွက် ရှေ့နေ Kim Hwa Jin နှင့် ပူးတွဲဖြေရှင်းသွားမည့်ဇာတ်ကြောင်း ဖြစ်သည်။

ထိုရုပ်ရှင်ကားတွင် စုံစမ်းထောက်လှမ်းသူ ဇာတ်ကောင် Ji Hyun Soo ၏နေရာ၌ Joo Ji Hoon က သရုပ်ဆောင်သွားမည်ဖြစ်ပြီး ရှေ့နေ Kim Hwa Jin ဇာတ်ကောင်နေရာ၌ Han So Hee က သရုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းရုပ်ရှင်ကားကို သြဂုတ်လတွင် စတင်ရိုက်ကူးသွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် မေလတွင် ထုတ်လွှင့်သွားရန်စီစဉ်ထားသည်။

Most Read

Most Recent