ချီလီနီ၏စာချုပ်သစ်အတွက် မစိုးရိမ်ဟု အေးဂျင့် ဆို     

ချီလီနီ၏စာချုပ်သစ်အတွက် မစိုးရိမ်ဟု အေးဂျင့် ဆို     
Photo: Getty Images
Photo: Getty Images
Published 16 July 2021

အီတလီနောက်ခံလူ ချီလီနီ၏ စာချုပ်သစ်အတွက် စိုးရိမ်ခြင်းမရှိကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ လစ်ပီက ပြောကြားခဲ့သည်။ 

ချီလီနီ(၃၆ နှစ်)သည် ဇွန်လ (၃၀)ရက်နေ့တွင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပြီး လက်ရှိအချိန်အထိ ဂျူဗင်တပ်စ်အသင်းက စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးခြင်း မရှိသေးကြောင်း သိရသည်။

သို့သော် ချီလီနီ၏ အေးဂျင့်ဖြစ်သူ လစ်ပီက စိတ်ပူစရာလိုကြောင်းနှင့် အသင်း၏ကမ်းလှမ်းမှုကို စောင့်နေကြောင်း ပြောကြားခဲ့သည်။

သို့သော် လစ်ပီက "ချီလီနီက ယူရိုပြိုင်ပွဲကို အာရုံစိုက်နေလို့ပါ။ ဂျူဗင်တပ်စ်နဲ့ ဘာပြဿနာမှ မရှိပါဘူး။ သူက ဂျူဗင်တပ်စ်အသင်းရဲ့ သင်္ကေတတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာသူပါ။ အသင်းရဲ့ကမ်းလှမ်းမှုကို ကျွန်တော်တို့ စောင့်နေရုံပါပဲ"ဟု ပြောကြားခဲ့သည်။

အသက် (၃၆)နှစ်အရွယ်ရှိ ချီလီနီသည် ပြီးခဲ့သည့်ရာသီက ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ (၂၅)ပွဲသာ ကစားနိုင်ခဲ့သည်။ 

Most Read

Most Recent